တိကျပြင်းပြတဲ့ ရည်မှန်းချက်မရှိရင်
စိတ်က ဟိုယောင်ယောင်
ဒီယောင်ယောင်
ဂယောင်ဖြစ်တတ်တယ်။
ဟိုဟာလေးလဲ ဝင်ပါချင်၊
ဒီဟာလေးလဲ ဝင်လုပ်ချင်။
ကိုယ်နဲ့မဆိုင်တဲ့ ဟိုလူ့ကိုပြင်ပေးချင်၊
ဒီလူ့ကို ပြင်ပေးချင်။
ကိုယ်လဲ ခဏခဏ ဖြစ်ခဲ့ဖူးတယ်။
နောက်ပိုင်း တော်တော်ထိန်းဖို့ကြိုးစားရတယ်။
ကိုယ့်အလုပ် ကိုယ်လုပ်။
ကိုယ်၊ ကိုယ့်အနီးဆုံးလူတွေကိုအာရုံစိုက်။
ကိုယ့်ရည်မှန်းချက်အိမ်မက်တွေကိုပဲ
အာရုံစိုက်။
အရေးမပါတာ အရာမပေးနဲ့။
ရည်မှန်းချက်ပန်းတိုင်ချ၊
ကြံဆပြီး ရအောင်လုပ်နိုင်တဲ့ခံစားချက်က
ဘာနဲ့မှ မလဲနိုင်ဘူး။
ဒါကို စွဲလမ်းသွားနိုင်တယ်။
နှစ်စဥ်၊ လစဥ်၊ အပတ်စဥ်၊ နေ့စဥ်
မှန်ကန်တဲ့ ရည်ရွယ်ချက်၊
ရည်မှန်းချက်၊ အားထုတ်မှုနဲ့
နေထိုင်တာ ဘဝအဓိပ္ပာယ်ရှိတယ်လို့ခံစားရတယ်။
Phyo Paing @ Derek