Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အရေးအကြီးဆုံးအပိုင်းက
“အလုပ်ခန့်ထားခြင်း recruiting” ပိုင်းပဲ။

ကိုယ့်လုပ်ငန်း နောက်တစ်ဆင့်ကြီးချင်ရင်
အရည်အသွေးနိမ့် ပြဿနာဖြေရှင်းတဲ့နေရာမှာပဲ
နေလို့ မရဘူး။

စွမ်းဆောင်ရည်မြင့် လူတော်တွေလိုတယ်။
အဲ့ဒီ စွမ်းဆောင်ရည်မြင့်၊
မြန်နှုန်းမြင့်၊ အဖြေရှာတတ်တဲ့ လူတော်တွေနဲ့
အလုပ်လုပ်တဲ့ အခါ
သူတို့နဲ့ အလုပ်လုပ်ပုံ၊
ဦးဆောင်တဲ့ ပုံစံ လိုတယ်။

အရည်အသွေးနိမ့်ပြဿနာ ဖြေရှင်တဲ့
ဝန်ထမ်းတွေပုံစံမျိုး micro-managed လုပ်လို့မရဘူး။

ဒီလို စွမ်းဆောင်ရည်မြင့်တဲ့သူတွေနဲ့ အလုပ်လုပ်ဖို့
အရေးအကြီးဆုံးအပိုင်းက
“အလုပ်ခန့်ထားခြင်း recruiting” ပိုင်းပဲ။

ဒီအပိုင်းအတွက် နှစ်ချီ အချိန်ပေးရနိုင်တယ်။
သူတို့ ကိုယ့်ဆီအလုပ်လာလုပ်ဖို့
အလုပ် ခေါ်၊ ခန့်၊ ထိန်း၊ လုပ်စွမ်းပြဖို့က
textbook ဖတ်စာအုပ်တွေထဲက ပုံစံနဲ့ မရဘူး။
အထာလေးတွေ လိုတယ်။

အရည်အသွေးမြင့် ပြဿနာဖြေရှင်းတဲ့
လူတော်တွေ ခန့်တဲ့အခါ
၁။ လူတော် ရှာမရတာ
၂။ ရှာတွေ့တဲ့သူ ကိုယ့်ဆီအလုပ် မလုပ်ချင်တာ
၃။ အလုပ်လုပ်တာ တာရှည်မခံတာ
၄။ တာရှည်ခံတယ် ကိုယ့်ဆီရောက်မှ ပျက်စီးသွားတာ

ဒီပြဿနာတွေ ကျော်လွှားဖို့
တချို့က မောင်နှမသားချင်း၊ ဆွေမျိုးရှင်းတွေပဲခန့်တယ်။

အမှန်တော့ စဥ်းစားတဲ့ ပုံစံပြောင်းရမှာ။
အရည်အသွေးနိမ့် ပြဿနာဖြေရှင်းတဲ့ ဝန်ထမ်း
ထိန်းချုပ်တဲ့ ပုံနဲ့၊
အရည်အသွေးမြင့် ပြဿနာ ဖြေရှင်းတဲ့ ဝန်ထမ်းနဲ့
အလုပ်လုပ်တဲ့ပုံ မတူဘူး။

အရည်အသွေးမြင့် စွမ်းဆောင်ရည်မြင့်တဲ့သူဆိုတာ
ဘယ်လို ပြောနိုင်မလဲ?
၁။ ကိုယ့် boss အကြောင်း ကိုယ်သိတယ်။
၂။ ကိုယ့်လုပ်ငန်းအကြောင်း ကိုယ်သိတယ်။
၃။ ပြဿနာတစ်ခု ဖြေရှင်းဖို့ အသေးစိတ်
ညွှန်ကြားနေစရာမလိုဘူး။
၄။ အလုပ်ပြီးပြီလား follow-up လုပ်စရာ
“သိပ်” မလိုဘူး။
၅။ ကိုယ်မေးခွန်းမေးလိုက်ရင် အဖြေရှိတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​