တခါတလေ ကျွန်တော်တို့က
ကိုယ့်ကိုကိုယ် “တကယ်” အလုပ်လုပ်တယ်
အလုပ်ပြီးတယ် အရမ်းကြိုးစားတယ်
ထင်တတ်ကြတယ်။
ဒါနဲ့ ကျွန်တော် နာရီဝက်စာ Time Blocks
တွေလုပ်ပြီး တစ်ရက်တစ်ရက်
ကုန်သွားတဲ့ အချိန်ကို ပြန်သုံးသပ်တယ်။
နာရီဝက်ပြီးတိုင်းမှာ ဖြည့်တယ်။
To-Do list လို မရေးခင် ပထမတစ်ရက်မှာ
ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်လို့ရတယ်။
တခါတလေ အလုပ်မဟုတ်တာ
လုပ်နေပြီး အလုပ်လုပ်တယ်လို့
မထင်အောင် ကိုယ့်ကိုကိုယ် ပြန်သုံးသပ်လို့ရတယ်။
တရုတ်မှာ ကုမ္ပဏီတွေ 996 နဲ့
အလုပ်လုပ်ကြတယ်။
မနက် ကိုး ကနေ ည ကိုး
တစ်ပတ် ခြောက်ရက် လုပ်ကြတယ်။
တိုးတက်ချင်ရင် ရှင်းရှင်းလေး
“တကယ်” အလုပ်လုပ်ဖို့လိုတယ်။
Phyo Paing @ Derek