ကျွန်တော်တို့လို တတိယနိုင်ငံ
ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံမျိုးမှာဆို
ရေ၊ မီး၊ အင်တာနက်၊ ကျန်းမာရေး၊
ပညာရေးက အစ အဆင်ပြေဖို့
resource တော်တော်ရှိထားမှ
အဆင်ပြေမှာ။
မဟုတ်ရင် တစ်နှစ်စုထားတာ
တစ်ခါ ဆေးရုံတက်တာနဲ့ကုန်ပြီ။
တစ်လတစ်လ စုတာ
သားသမီး ကျောင်းစရိတ်နဲ့
လုံးပါးပါးသွားမယ်။
ဒါကြောင့် ကိုယ့်အနာဂတ်အတွက်
plan ချဖို့က ကိုယ်နဲ့အဓိကဆိုင်လာတယ်။
ဘယ်မှာနေမှာလဲ၊
ဘယ်လို နေမှာလဲ၊
ဘာအလုပ်လုပ်မှာလဲ၊
ငွေကို ဘယ်လိုစုမလဲ၊
ဘယ်လို ပြန်ပွားမလဲ၊
အများကြီး ကြိုတင်စဥ်းစားပြီး
အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။
Phyo Paing @ Derek