ဆေးရုံမှာ ရောဂါကုစရာ
ဆေးဝယ်စရာမရှိတဲ့အတွက်
အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားတဲ့
သူတွေတွေ့တော့ ခံစားရပြီး
ဆေးရုံသွားရမှာကို အရမ်းမုန်းခဲ့ဖူးတယ်။
ဒီထက်ပိုကောင်းတဲ့ ကျန်းမာရေး
စောင့်ရှောက်မှုသာရခဲ့ရင်ဆိုတဲ့
အတွေးက အသက်ရှည်ရှည်
ကျန်းကျန်းမာမာနေဖို့အတွက်
အလုပ်ကို ပိုးစိုးပက်စက် လုပ်ပြီး
ရှာထားတဲ့ငွေကို ပြန်ပွါးနိုင်ဖို့
လိုတဲ့ဆိုတဲ့ အသိတရားကို
ဖြစ်စေခဲ့တယ်။
ချမ်းသာတဲ့နိုင်ငံမဟုတ်သလို၊
Social Democracy နိုင်ငံမှာ
နေနေတာမဟုတ်တဲ့အတွက်
ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲ။
ဒီတော့ သန်တုန်းမြန်တုန်း
ကျန်းမာရေးလိုက်စားပြီး
အလုပ်ကို ပိုးစိုးပက်စက်လုပ်
ပိုက်ဆံရှာ၊ ရှာထားတာပြန်ပွါး
အသက်ကြီးတဲ့အခါ
တခြားသူတွေအတွက်
ဝန်ထုတ်ဝန်ပိုးမဖြစ်ဖို့
ခုချိန်ထဲက ပြင်ဆင်ပါ။
Phyo Paing @ Derek