၁။ လမ်းရှာတဲ့အချိန်။
Research လုပ်တဲ့အချိန်။
ဘာတွေထပ်လုပ်လို့ရမလဲ
အိုင်ဒီယာအသစ်တွေရှာတဲ့အချိန်။
၂။ သင်ယူပြင်ဆင်တဲ့အချိန်။
အနာဂတ်အတွက်လိုအပ်တဲ့
ပြင်ဆင်မှု၊ သင်ယူမှုတွေကို
ကြိုတင်လုပ်ထားတဲ့အချိန်။
Learning လုပ်တဲ့အချိန်။
၃။ တတိယက ရေလည်ဝုန်းတဲ့အချိန်။
ပြင်ဆင်မှုနဲ့ အခွင့်အရေးတွေ့တဲ့အချိန်
All-in အားတိုက်အင်တိုက်လုပ်တဲ့အချိန်။
ဒီအချိန်မှာ နားပြီးအပျော်ခရီးသွားလိုက်အုံးမယ်
မစဉ်းစားလိုက်နဲ့။
အားကုန်ထည့်။
၄။ နားတဲ့အချိန်။
အလုပ်တွေ ခဏလောက်ပါးသွားတဲ့အခါ
ပုံမှန်လေးလုပ်လိုက် ခဏလောက်နားလိုက်
recharge လုပ်တဲ့အချိန်။
အခုချိန်က လမ်းရှာတဲ့အချိန်
research လုပ်ပြီး
ဘာတွေ ဆက်လုပ်ရမလဲ
ရှာဖွေရတဲ့အချိန်လို့ထင်ပါတယ်။
ကျန်တဲ့သုံးခုက တွဲလို့ရတယ်။
All-in အချိန်မှာ All-in
အသားကုန်အားထည့်ဖို့လိုတယ်။
အဲ့အချိန်အတွက် “လုပ်ရင်းပြင်ဆင်” နေဖို့လိုနိုင်တယ်။
Phyo Paing @ Derek