အလုပ်ဆိုတာ စိတ်ကြွဆေးပဲ။
အလုပ်ဆိုတာ တွန်းအားပဲ။
အလုပ်ကိုစွဲလမ်းသွားတဲ့အခါ
ပြဿနာတချို့ကိုမေ့သွားတယ်။
အလုပ်ဆိုတာထွက်ပေါက်ပဲ။
အလုပ်ဆိုတာ လွတ်မြောက်ရာနယ်မြေ။
ဒီလိုဖြစ်ဖို့ ကိုယ်ရင်ခုန်တဲ့
အလုပ်လုပ်ဖို့လိုတယ်။
ကိုယ်မကြိုက်တဲ့အလုပ်ကို စိတ်ညစ်ခံလုပ်ပြီး
ကိုယ့်ကိုကိုယ် မညှင်းဆဲတော့တာ
၂၀၁၂ Jan ဘွဲ့ရပြီးကတည်းကပဲ။
တစ်ရက်မှ အလုပ်မလုပ်ချင်ရင်
ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ပါလို့
ကွန်ဖြူးရှပ်လဲ ပြောခဲ့တာပဲ။
အလုပ်ကို ဂိမ်းတစ်ခုလို
စွဲစွဲလမ်းလမ်းလုပ်ဖို့လိုတယ်။
Phyo Paing @ Derek