အချိန်ဆိုတာရှိတယ်။
အဲ့ဒီအချိန်ကောင်းမှာ
ကြိုးစားအားထုတ်မှု တစ်လ၊ နှစ်လက
တစ်နှစ်၊ နှစ်နှစ်နဲ့ ညီနိုင်တယ်။
ဒါကို “အချိန်ကောင်း” ကြုံဖူးသူတိုင်း
သိကြတယ်။
ဒီ “Timing အချိန်ကောင်း” ဟာ
လူတိုင်းရဲ့ ဘဝကို အပြောင်းအလဲ
ဖြစ်စေတဲ့ အချိန်ပဲ။
အဲ့ဒီအချိန်မှာ ယောင်နေလို့မရဘူး။
အလုပ်ကို ဖိလုပ်ရတဲ့ အချိန်ဖြစ်တယ်။
တခြားအချိန်တွေက ကိစ္စမရှိပေမယ့်
အချိန်ကောင်းမှာ တခြားကိစ္စတွေနဲ့
အာရုံထွေပြားခြင်းဟာ
အခွင့်အလမ်းကို အလဟဿ
ဖြုန်းလိုက်သလိုပဲ။
ဘာနဲ့ တူသလဲဆို တစ်နှစ်လုံး
စာကြိုးစားခဲ့ပြီး စာမေးပွဲနီးတဲ့အခါ
စိတ်လေတာမျိုးနဲ့ တူနိုင်တယ်။
ဒါဆို အချိန်ကောင်းပဲ စောင့်ပြီး
အလုပ် လုပ်ဖို့ မရဘူးလား။
မရသလောက်လို့ ဆိုရမယ်။
ဘာကြောင့်လဲဆိုတော့
စီးပွားရေးမှာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း
“anticipation” ဟာ သေမတတ်အရေးကြီးတယ်။
လုပ်ငန်းနယ်ပယ်တစ်ခုမှာ
ဆယ်စုနှစ်တစ်ခု လုပ်လာသူတွေဟာ
ဒီလုပ်ငန်းရဲ့အပြောင်းအလဲကို
အခုမှ ဝင်လာတဲ့ လုပ်သက်နုသူတွေထက်
အများကြီးပိုခန့်မှန်းနိုင်တတ်ကြတယ်။
ဒါကြောင့် game တစ်ခုထဲမှာ
ရေရှည်နေထားဖို့ အရေးကြီးတယ်။
အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး။
အချိန်အခါ ပေါ်မူတည်ပြီး
ပိုးစိုးပက်စက် လုပ်ရမည့်အချိန်တွေရှိတယ်။
တစ်ခါမှ မရောက်ဖူးတဲ့
အမြင့်ကိုရောက်ဖို့
တစ်ခါမှ မလုပ်ဖူးတဲ့
အလုပ်တွေကို လုပ်ကြည့်ဖို့
ကြောက်နေလို့ မရဘူး။
တစ်ခါမှ မတွေ့ဖူးတဲ့သူတွေနဲ့
စကားပြောကြည့်ဖို့ ကြောက်လို့မရဘူး။
ကိုယ့်အတွေးအခေါ် အဟောင်းတွေကို
စွန့်ပစ်ရမှာ ကြောက်နေလို့မရဘူး။
Phyo Paing @ Derek