Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အလုပ်တိုင်းမှာ အခွင့်အရေးရှိသည်။

လူတိုင်းက ကိုယ့်ကိုကိုယ်တိုးတက်ဖို့ အလုပ်ရှင်ရဲ့တာဝန်သာ ဖြစ်တယ်လို့ ယူဆထားကြတယ်။

ဥပမာ receptionist တစ်ယောက်ထားပါတော့။ ဝတ်ကြေတန်းကြေဆိုတာထက် ကိုယ့်ရဲ့ products တွေ၊ competitor’s products တွေ၊ တခြား သက်ဆိုင်တဲ့ product အကြောင်းတွေကို လေ့လာမယ်။ ပစ္စည်းရောင်းတာထက် consultant သဘောမျိုး customer ပစ္စည်းတစ်ခု ရွေးချယ်ရာမှာ အကောင်းဆုံး အကြံဉာဏ် ပေးနိုင်မယ်။

နောက်ပြီး customer data တွေကို ဘယ်လို အသုံးပြုရမလည်းလေ့လာမယ်။ regular follow-up လေးလုပ်မယ်။ ပြောမှသိတာထက် ကြိုတင် planning လေးလုပ်မယ်။ ကိုယ်ထူကိုယ်ထ proactive ဖြစ်မယ်။ ငါသာ အလုပ်ရှင်နေရာမှာဆို ကိုယ့်ဆီက ဘာကို မျှော်လင့်မလည်းဆိုတာ အမြဲစဉ်စားမယ်။

ဒီလိုဆိုရင် ကိုယ့်ရဲ့ မားကတ်တန်ဖိုးတက်လာမယ်။ ဘယ်နှနှစ်လုပ်ခဲ့လို့ လစာဘယ်လောက်တိုးတယ်ဆိုတဲ့ခေတ်က ကုန်သွားပြီ။ ဒီလို တော်လာပြီဆို ဒီအလုပ်မဟုတ်ရင်တောင် တခြားအလုပ်တွေက ကိုယ့်နောက်ကို လိုက်လာလိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​