Core Values ဆိုတာ လုပ်ငန်းရဲ့
ဝိညာဉ်ပဲ။
မှန်တယ်မှားတယ်ကို
ဒီ core values က ဆုံးဖြတ်ပေးတယ်။
ဘယ်လို စိတ်နေစိတ်ထားနဲ့
အလုပ်လုပ်မယ်ကို ဒီ core values က
လမ်းပြပေးတယ်။
Core Values ဆိုတာ
လုပ်ငန်းကို ဦးဆောင်၊ တည်ထောင်သူရဲ့
personal values တွေကို reflect လုပ်တယ်။
ကျွန်တော်တို့ Team ထဲလာမယ်ဆိုရင်
Customer first ဖြစ်ရမယ်။
ကတိတည်ရမယ်။
Move fast ဖြစ်ရမယ်။ မြန်ရမယ်။
အလုပ်ကို ဇိမ်ခံပြီး လုပ်နေလို့မရဘူး။
Work hard ဖြစ်ရမယ်။
အလုပ်ကို ပိုးစိုးပက်စက်လုပ်ရမယ်။
work-life balance ဆိုတာ မရှိဘူး။
Work is life ပဲ။
တကယ်လို့ work-life balance ဆိုရင်
ရွေးချယ်စရာအလုပ်တွေအများကြီး။
ကိုယ်လဲ အဲ့လိုပဲနေတယ်။
Work-life balance ပေးနိုင်တဲ့
MNC လဲ မဟုတ်ဘူး။
Work ရှိမှ life ရှိမှာဖြစ်တဲ့အတွက်
life မှာ work ကို integrate လုပ်ရမှာပဲ။
အရေးအကြီးဆုံးက Learn every day ပဲ။
သင်ယူမှုဆိုတာ changed behavior ပဲ။
မှားပြီးတဲ့အမှား ဆက်မှားတာကတော့
ဥာဏ်နည်းတာပဲ။
ကိုယ်လုပ်နေတဲ့ organization ရဲ့
core values ကို လေ့လာပါ။
Phyo Paing @ Derek