လီကွမ်းယူတစ်ခါကပြောသလို
တရုတ်မှာ လူတစ်ထောင်မှာ
တစ်ယောက် လူတော်ထွက်ရင်ကို
1.4 Million ရှိတယ်။
ဒါကို စလုံးအနေနဲ့ဘယ်လိုယှဉ်မလဲ။
လူတိုင်း ပညာတတ်မှရမယ်တဲ့။
ကိုယ်အလုပ်လုပ်ချင်စိတ်မရှိတော့ရင်
ကိုယ့်ကိုကိုယ် တရုတ်ရောက်နေတယ်လို့
စိတ်သွင်းလိုက်တယ်။
သူတို့ဆီမှာ နေရာတစ်ခုရဖို့
996 လုပ်တာတောင် မသေချာဘူး။
မနက် ၉ ည ၉ နဲ့ တစ်ပတ် ၆ ရက်။
ဒါကတချို့လုပ်ငန်းတွေအတွက်
ရှင်သန်ဖို့တောင် အာမမခံနိုင်ဘူး။
အဲ့လိုစိတ်စဉ်းစားလိုက်ရင်
ငါလုပ်တာ ဘားမှမဟုတ်သေးဘူး
ခံစားလာရတတ်တယ်။
ဒီမှာသာ 996 နဲ့ အလုပ်ကို
ပိုးစိုးပက်စက်လုပ်ကြည့်ပါလား။
ရလဒ်က ချက်ချင်းရတယ်။
နိုင်ငံရေးကောင်းရင် ပိုကောင်းတာပေါ့။
အခုလို အစစအရာရာ
ဆုပ်ယုတ်နေတဲ့အချိန်မှာ
ပိုလို့တောင် လုပ်ရအုံးမယ်။
Phyo Paing @ Derek