Artist တွေက non-artist တွေထက်
ဘဝကျေနပ်မှု ပိုရကြတယ်။
ကိုယ့်အလုပ်ကို အနုပညာလို
စဥ်းစားတတ်ဖို့လိုပဲလိုတယ်။
ကျွန်တော်ကတော့
ကိုယ်လုပ်တဲ့အလုပ်ကိုချစ်တယ်။
ရူးသွပ်တယ်။
ကိုယ်လုပ်တဲ့အလုပ်ကိုလဲ
ဆရာကျအောင် နေ့စဥ်မပျက်
လေ့လာတယ်။
စျေးကွက်ကလဲ လိုအပ်အောင်
စျေးကွက်အပြောင်းအလဲကို
အမြဲ သုံးသပ်တယ်။
နောက် ကိုယ့်ကျွမ်းကျင်မှုကနေ
ဝင်ငွေရအောင် စဥ်းစားတယ်။
လူတွေကို သက်ရှည်ကျန်းမာစေတာ
ကိုယ့်အလုပ်ကို တန်ဖိုးထားပြီး
အနုပညာလို စဥ်းစားဖို့ပဲ။
ဒီအလုပ်လို့ သတ်မှတ်ထားတဲ့
အနုပညာက ကိုယ့်ဘဝရဲ့
လွတ်မြောက်မှုပဲ။
ဘယ်လောက်ဆိုးတဲ့ အခြေအနေ
ဖြစ်နေပါစေ
အလုပ်ဟာ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်
ကြီးမားတဲ့ အားအင်တစ်ခုပဲ။
Phyo Paing @ Derek