Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အလုပ်အတွက် Rule ၁၃ ခု

1. Focus Focus Focus အာရုံ

ကိုယ်ဘယ်လမ်းကြောင်းကို သွားနေလဲ Focus အရေးကြီးပါတယ်။ ဒီ ဦးတည်ရာလမ်းကြောင်ကို တည့်တည့်မှတ်မှတ်သွားနေဖို့အရေးကြီးပါတယ်။ ဟိုဝေ့ဒီဝေ့ဆို မလိုအပ်ပဲ အချိန်ကုန်နိုင်တယ်။ မနက်ထတိုင်းအမြဲမေးဖြစ်တဲ့ မေးခွန်းတစ်ခုက What am I most committed in my life right now? ပါ။ ဘယ်လောက်မြန်မြန်သွားနိုင်လဲထက် ဘယ်လမ်းကြောင်းကို သွားနေသလဲ အရေးကြီးပါတယ်။

2. Strategy မဟာဗျူဟာ

ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဘယ်လို မဟာဗျူဟာနဲ့သွားမလဲ စဥ်းစားဖို့လိုပါတယ်။ ဒီ မဟာဗျူဟာဆိုတာကလဲ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲဖြစ်နေတတ်ပါတယ်။ Flexible ဖြစ်နေဖို့တော့လိုပါတယ်။ ပြုလွယ်ပြင်လွယ်ရှိခြင်းက သင့်ကိုခရီးရောက်စေမှာဖြစ်ပါတယ်။ အရှေ့ကိုကြိုတင်စဉ်းစားရမယ်။

3. Patience Patience Patience စိတ်ရှည်မှု

စိတ်ရှည်ဖို့အရေးကြီးပါတယ်။ လုပ်ငန်းတစ်ခု နည်းနည်းလေးအရှိန်ရပြီဆို ဟိုလုပ်ငန်းလေးလဲစချင်၊ ဒီလုပ်ငန်းလေးလဲစချင်ဖြစ်တတ်ပါတယ်။ ဒါကတော့ အရင်က ကျွန်တော်ခဏခဏလုပ်ခဲ့မိတဲ့အမှားဖြစ်ပါတယ်။ စိတ်ရှည်ဖို့အရေးကြီးပါတယ်။ ခဏလေးအောင်မြင်လာတဲ့အရာတွေဟာ မတည်မြဲပါဘူး။ ဆယ်စုနှစ်တစ်ခုစာလောက် စိတ်ရှည်ဖို့အရေးကြီးပါတယ်။

4. Morning Routine မနက်မှာလုပ်နေကျ

တစ်ရက်တာကိုလွမ်းမိုးတာက မနက်အခါဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ computer တစ်လုံးလိုပဲ စဖွင့်တဲ့အခါ နှေးမနေဖို့ မလိုအပ်တာတွေကို clear လုပ်ထားဖို့လိုပါတယ်။ Psychology မှာတော့ priming လို့ခေါ်ပါတယ်။ အောင်မြင်တဲ့သူတွေ၊ High performaners တွေရဲ့ မနက်ထရင်လုပ်ဆောင်တဲ့ အမူအကျင့်ဟာ သူများနဲ့ မတူပါဘူး။ Tools of Titans ဖတ်ကြည့်ပါ။

5. Empathy ကိုယ်ချင်းစာစိတ်

စေတနာဟာ ခံစားလို့ရပါတယ်။ ကျွန်တော်တို့ဟာ တစ်ခါတွေ့ပြီးပြီးသွားမည့်လူတွေမဟုတ်ပါဘူး။ ဖောက်သည်တွေအပေါ်ကိုယ်ချင်းစာစိတ်အရေးကြီးပါတယ်။

6. Don’t create enemy ရန်သူမထားပါနဲ့

လူတိုင်းဟာ သူတို့ဘဝရဲ့ အချိုးအကွေ့တစ်ခုစီမျာရှိနေပါတယ်။ ကိုယ်ကဒီနေ့နေရာတစ်ခုရမှာ ရောက်နေကောင်းရောက်နေလိမ့်မယ်။ တပါးသူကလဲ တချိန်ချိန်မှာ နေရာတစ်ခုကိုရောက်နိုင်ပါတယ်။ ရန်သူမထားတာ အကောင်းဆုံးပါပဲ။ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။

7. Consistency အရေးကြီးပါတယ်။

ဘယ်အလုပ်မှာမဆို consistency အရေးကြီးပါတယ်။ မြန်မာစကားကမပီသလို၊ စကားပြောလဲမကောင်းပါဘူး။ ဒါပေမယ့် နာရီပေါင်း တစ်သောင်းပြည့်အောင် စာသင်မယ်ဆိုပြီး 2013 ကတည်းက စတင်လာတယ်။ အခြေအနေတစ်ခုရောက်တော့ သူ့အလိုလိုဖြစ်လာတယ်။ Social Media မှာ content ဖန်တီးတဲ့နေရာမှာလဲ အလားတူပါပဲ။ တချို့နေ့တွေက fine တယ်။ တချို့နေ့တွေက ထင်သလိုမဟုတ်ဘူး။ နေပူပူမိုးရွာရွာလုပ်နေရမှာက ကိုယ့်တာဝန်ပါ။ Tik Tok ရဲ့ အသွားအလာကိုသိချင်တဲ့အတွက်ကြောင့် Entertainment မပါပဲ Educate လုပ်မယ်ဆိုပြီး content တွေနေ့စဥ်တင်နေတာ အဲ့ဒီ platform အကြောင်းနားလည်ချင်လို့ပါ။

8. Over-confident မဖြစ်ပါနဲ့။ Confidence ရှိပါ။

ကျွန်တော့်ကို black hat လို့ပြောကြတယ်။ အဓိကက တစ်ခုခုလုပ်တော့မယ်ဆို downsize risk တွေကို အဓိက စဥ်းစားတဲ့အတွက်ဖြစ်ပါတယ်။ လူတွေက အခြေအနေလေးကောင်းနေတဲ့အချိန်မှာသာ Confidence ဖြစ်ကြတာ၊ တကယ်တမ်းအခြေအနေမကောင်းရင် depress ဖြစ်တတ်ကြတယ်။ အမေကိုလဲအကြံပေးဖူးတယ်။ ညီလေးက လုပ်ငန်းစတင်မယ်ဆိုတော့ ငွေမထုတ်ပေးဖို့ အကြံပေးတယ်။ သားကိုချစ်တဲ့အတွက် ထုတ်ပေးခဲ့တယ်။ ဒီမှာ ဖြစ်စေချင်တာ သူ့အကြံကို သူယုံကြည်တယ်ဆို တခြားသူတွေကို အကြံရောင်းရတော့မယ်။ ဒါမှမဟုတ် ငွေချေးငှားရတော့မယ်။ ဒီအချိိန်မှာ ငွေဆိုတာ လွယ်လွယ်မရပါလား။ ဒီအချက်တွေကို သိစေချင်တယ်။ Over-confidence ဖြစ်ဖို့မလိုသလို၊ Confidence ရှိဖို့လဲလိုအပ်ပါတယ်။

9. Complaint မလုပ်ပါနဲ့

လောကကြီးမှာ အလွယ်ဆုံးက compliant လုပ်တာပဲ။ တကယ်တမ်း တာဝန်ယူဖို့ဆိုတာ မလွယ်ပါဘူး။ ဘာပဲဖြစ်ဖြစ် တာဝန်ယူစိတ်ထားပါ။

10. လျစ်လျူရှုမှု အနုပညာ

တချို့အရာတွေကို ignore လုပ်နိုင်ဖို့အရေးကြီးပါတယ်။ ဒီနေ့လို information overload ခေတ်မှာ ဘယ်အရာတွေကို လျစ်လျူရှုရမလဲဆိုတာအရေးကြီးပါတယ်။ Kanye West ရဲ့ သီချင်းကို BOB က sampling လုပ်ထားတဲ့ သီချင်းတစ်ပုဒ်ထဲအရမ်းကြိုက်တယ်။ Do you really have a stamina တဲ့။ ဒီနေ့ခေတ်အတွက် တော်တော် ကိုက်ညီတယ်။

11. Be Grateful ကျေးဇူးတင်တဲ့စိတ်

မနက်ထတိုင်း ကျေးဇူးတင်သင့်တဲ့အရာတွေ စဥ်းစားတဲ့အခါ ကိုယ့်ဝန်ထမ်းတွေ ပေါ်ပေါ်လာတယ်။ သူတို့သာမရှိရင် တချို့အရာတွေက ကိုယ့်အတွက် လွယ်ကူမှာမဟုတ်ဘူး။ ကျွန်တ်ောကျေးဇူးဆပ်ချင်တဲ့အထဲမှာ အမေပါတယ်။ 2017 March ကနေ 2019 March အထိ ၂ နှစ်စာရသမျှ အကုန်ကန်တော့ခဲ့တယ်။ တော်တော်လေးပီတိဖြစ်မိတယ်။

12. Smile ပြုံးပါ။

Mind & Body connection ရှိတဲ့အတွက် စိတ်ဓာတ်ပဲခိုင်မာနေလို့မရပါဘူး။ ပြုံးပါ။

13. ကိုယ့်စတိုင်နဲ့ကိုယ်နေပါ။

တခြားသူတွေနဲ့ ပြိုင်ပြီးစိတ်ညစ်နေစရာမလိုပါဘူး။ လူတိုင်းက တခြားသူတွေနဲ့ နှိုင်းယှဥ်တတ်ကြတယ်။ သူများနဲ့မနှိုင်းယှဥ်ပါနဲ့။ ကိုယ့် identity ကိုယ့် style ကိုယ့်ယုံကြည်ချက်အတိုင်းသွားပါ။ ကျွန်တော်က လွတ်လပ်မှုကို ကြိုက်တဲ့သူဖြစ်တဲ့အလျှောက် Lifestyle entrepreneurship ကိုယုံကြည်တယ်။ Knowledge worker အလုပ်တွေကိုသဘောကျတယ်။ ရှင်သန်မှုရဲ့ အဓိပ္ပာယ်က ဘဝဆိုတဲ့ အတွေ့အကြုံကိုယူဖို့ပဲဖြစ်ပါတယ်။

ခေါင်းထဲပေါ်လာတာလေးချရေးလိုက်တယ်။

Phyo Paing @ Derek

Share Your Idea!​