အလွယ်တကူ အရသာမခံပါနဲ့။
ဦးနှောက်မှာ ဆုပေးတဲ့
ရသာခံအာရုံတွေရှိတယ်။
တနည်းအားဖြင့်
ဦးနှောက်ဆဲလ်အချင်းချင်း
စကားပြောဆက်သွယ်သလိုဖြစ်တဲ့
neurotransmitter တွေပေါ့။
လုပ်ရပ်တွေနဲ့ဆက်စပ်ပြီး
ဒီ ဦးနှောက်ဆက်သွယ်ရေးမက်ဆန်ဂျာတွေထွက်တယ်။
ရည်မှန်းချက်ပန်းတိုင်အပေါ်အာရုံစူးစိုက်တဲ့အခါ၊
နားလည်မှုတစ်ခုကြောင့်သဘောပေါက်တဲ့အခါ
ဒိုပါမင်း Dopamine ထွက်တယ်။
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ၊
အန်ဒေါ်ဖင် Endorphins ထွက်တယ်။
ပေါင်းသင်းဆက်ဆံရေးလုပ်တဲ့အခါ
သဘောကျကျေနပ်တဲ့အခါ
ဆီလိုတိုနင် Serotonin ထွက်တယ်။
ချစ်ကျွမ်းဝင်တဲ့အခါ၊ ချစ်ခြင်းမေတ္တာအတွက်
အောက်ဆီဒိုစင် Oxytocin ထွက်တယ်။
တရားစထိုင်တဲ့အခါ အာရုံစူးစိုက်မှုဖြစ်ပြီး
ဒိုပါမင်းအဓိက dopamine-driven ကနေ
ပီတိကိုဖြစ်စေတဲ့
serotonin, GABA, melatonin, and anandamide
ထွက်ပေါ်စေပြီး အေးချမ်းစေတယ်။
ဒီ neurotransmitter တွေက
ကောင်းမွန်တဲ့လုပ်ရပ်တွေအတွက်
ဆုပေးတဲ့ ဖြစ်စဥ်တွေဖြစ်တယ်။
ဒါတွေကို မကောင်းတဲ့လုပ်ရပ်နဲ့
သွားချိပ်ဆက်မိတဲ့အခါ
ဘဝရဲ့ ပြဿနာတွေဖြစ်နိုင်တယ်။
ဥပမာ လူမှုကွန်ယက်ကိုစွဲလမ်းတာ
cheap dopamine နဲ့
လဲလိုက်မိတာမျိုး။
ဆေးဝါးသုံးစွဲပြီး
ကိုယ့်ဦးနှောက်ရဲ့ reward mechanism
ဆုချတဲ့စနစ်ကို ဖျက်စီးလိုက်တာမျိုး။
တချို့ ပြင်ပလှုံ့ဆော်မှုတွေက
အားပျော့တယ်။
တချို့က နောက်ဆက်တွဲခံစားရတယ်။
ဥပမာ ကော်ဖီဆိုရင်
ညနေစွမ်းအင်ကို ကြိုသုံးပြီး
လေးနာရီ ခွန်အားကိုမြန်မြန်ယူထားတယ်။
တချို့ဆေးဝါးတွေက
နောက်တစ်နေ့မှာ ပြန်ပေးဆပ်ရတယ်။
တချို့က အနာဂတ်မှာ ပြန်ပေးဆပ်ရတယ်။
တချို့ cheap dopamine
Tik Tok တို့၊ social media တွေက
နေ့စဥ်စွဲလမ်းသွားစေတယ်။
ကောင်းတဲ့ဖက်အသုံးချရင်
အကျိုးရှိပေမယ့်
ရည်ရွယ်ချက်မရှိသုံးနေရင်
စိတ်ကျတာမျိုးထိဖြစ်နိုင်တယ်။
ဒါကြောင့် ကိုယ့်ဦးနှောက်ရဲ့
ဆုချဖြစ်စဥ်တွေကို
စျေးပေါပေါအသုံးပြုမိရင်
ဘဝပါ တဖြည်းဖြည်း ပျက်သွားနိုင်တယ်။
Phyo Paing @ Derek