Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အသက်ကြီးလာတာနဲ့
ဘဝက ပိုကောင်းလာဖို့လိုတယ်။

ဒီလိုဖြစ်ဖို့
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေနေလို့မရဘူး။

ဘာကြောင့်လဲဆိုတော့
ဘဝမှာ သဘာဝအရ
အလိုလိုဖြစ်နေတာ
အများစုက အိုမယ်၊ နာမယ်၊
နောက်ဆုံးမှာ သေမယ်။

ကောင်းမွန်တဲ့ အိမ်လေးနေဖို့
အိမ်သန့်ရှင်းရေးလုပ်ရတယ်။
ပန်းမံတွေအတွက် ရေလောင်းရတယ်။
မတူညီတဲ့ရာသီဥတုတွေအတွက်
ပြင်ဆင်ရတယ်။

ကိုယ်ထူကိုယ်ထ လုပ်ရတတ်တယ်။

ကောင်းတာတစ်ခုက
အသက်ကြီးလာတာနဲ့
သေချာလေ့လာတယ်ဆိုရင်
အမှန်တွေမြင်ပြီး
“အမြင်တွေ မှန်လာပြီ”။

အမြင်မှန်ရင်
မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်တတ်လာမယ်။
မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်တိုင်း
ဘဝက ပိုကောင်းလာမယ်။

ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက
မိမိကိုယ်သာ ကိုးကွယ်ရာ။

ကိုယ့်အားကိုယ်ကိုး
ကိုယ်ထူကိုယ်ထ။
လဲကျပြန်ထ ဒါဘဝဘဲ။

အသက်ကြီးလာတာနဲ့အမျှ
ပိုကောင်းလာဖို့
ဘဝကို ကြိုတင်စီမံဖို့လိုတယ်။
မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်ဖို့လိုတယ်။

ကိုယ်က သစ်ပင်မဟုတ်ဘူး။
ရွေ့လို့ရတယ်၊ ပြောင်းလို့ရတဲ့သိဖို့လိုတယ်။
နည်းလမ်းရှာဖို့လိုတယ်။

လောကုတ္တရာအတွက်
ပစ္စုပ္ပန်မှာအဓိကနေ။
လောကီအတွက်
ပစ္စုပ္ပန်အပြင် အနာဂတ်ကိုလဲ
ကြိုမြင်၊ ကြိုပြင်ရသေးတယ်။

Phyo Paing @ Derek

Share Your Idea!​