ထားပြီးအဝေးကို ထွက်ပြေးသွားလို့မရတဲ့သူက
“ကိုယ်” ပဲ။
အသက်ရှင်နေသမျှ ဒီခန္ဓာကိုယ်ကြီးကို
ပိုင်ဆိုင်ချင်ချင်၊ မပိုင်ဆိုင်ချင်ချင်
ပိုင်ဆိုင်နေရမယ်။
ဒီိခန္ဓာကိုယ်ကြီးနဲ့အတူ စဉ်းစားတဲ့ပုံစံက
ဖြတ်သန်းလာတဲ့ ဘဝ၊
ယုံကြည်မှု၊ တန်ဖိုးထားမှု၊
သင်ယူလေ့လာခဲ့မှု၊
ဘိုးဘေးတွေရဲ့ ဒီအန်အေ
ဒီကတစ်ဆင့်လက်ဆင့်ကမ်းလာတယ်။
ဒီခန္ဓာနဲ့ စိတ်ကို အသက်ရှင်နေသမျှ
ပိုင်ဆိုင်နေရမှာဖြစ်တဲ့အတွက်
ပြုစုပျိုးထောင်နေဖို့လိုတယ်။
ကိုယ့်ရဲ့အရေပြားအောက်မှာ
ကိုယ့်ဘဝနေပျော်နေဖို့လိုတယ်။
ဒီလိုနေပျော်ဖို့ ကိုယ့်ရဲ့ hardware ဟတ်ဝဲဖြစ်တဲ့
ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်အောင်၊
Software ဆော့ဝဲနဲ့တူတဲ့စိတ်ကို
ဖြတ်လတ်နိုးကြားထက်မြက်ပြီး
ဗိုင်းရပ်ကပ်တာနည်းအောင်
လေ့ကျင့်ပျိုးထောင်ဖို့လိုလာတယ်။
အသက်ရှင်နေသမျှ
ကိုယ့်ကိုကိုယ်ဆီက
ထွက်ပြေးသွားလို့မရဘူး။
ဒီတော့အကောင်းဆုံးနည်းက
ကိုယ့်ကိုကိုယ် ရန်မဖြစ်နဲ့။
အကောင်းဆုံးပြုစုပျိုးထောင်။
ကိုယ့်အတွေး၊ အကြံအစီ၊ အလုပ်
သုံးခုတစ်သားတည်းကျဖို့
အလိုင်းမန့် alignment ချိန်နိုင်ဖို့လိုတယ်။
Phyo Paing @ Derek