တချို့မကြိုက်တဲ့နေရာ၊
မချစ်မနှစ်သက်သူတွေနဲ့
အဝေးမှာ ခွဲခွာသွားလို့ရနိုင်ပေမယ့်
ခွဲမရတဲ့အရာက ကိုယ်တိုင်ပဲ။
ဒါကြောင့် အချိန်ကိုသုံးချိန်ခွဲလိုက်တယ်။
၁။ ကိုယ့်အတွက်အချိန်
၂။ အလုပ်အတွက်အချိန်
၃။ သူတပါးအတွက်အချိန်
ကိုယ့်အတွက်အချိန်က
မနက် ၄ ကနေ ၁၀ ထိ (၆ နာရီ)
ဦးနှောက်၊ စိတ်နဲ့ ခန္ဓာအတွက်
လေ့ကျင့်ရေးဆင်းတယ်။
စာဖတ်၊ လေ့ကျင့်ခန်းလုပ်၊
journaling နဲ့ တရားထိုင်၊
professional learning အတွက်လုပ်။
၁၀ ကနေ ၆ အထိက အလုပ်အတွက်
စုစုပေါင်း ၈ နာရီပေါ့။ (၈ နာရီ)
၆ ကနေ ၁၀ နာရီထိက (၄ နာရီ)
အပေါင်းသင်းယောင်းရင်းအချိန်ပေါ့။
တချို့ရက်မှာတော့ အလုပ်ရှိနိုင်တာပေါ့။
အဲ့လို ဖြတ်သန်းလာတာကတော့
296 ရက်တော့ ရှိပြီ။
ခုထိတော့ အလုပ်ဖြစ်နေတယ်။
Phyo Paing @ Derek