Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အသက်ရှင်ပြီး အသက်ဝင်ဖို့Master Your Flow

Flow ဆိုတာ ဘာလဲ။
ရေက အပေါ်ကနေ အောက်ကိုစီးသလို
ဘဝမှာလဲ သဘာဝကျကျ စီးဆင်းနေတဲ့ အရှိန်အဟုန်တစ်ခုရှိတယ်။
ဒါကို Flow လို့ခေါ်တယ်။
Flow ကို နှစ်မျိုးခွဲလို့ရတယ်။
Life Flow နဲ့ Task Flow။

Life Flow
တရုတ်ပညာရှင် Lao Tzu က
“Nature does not hurry, yet everything is accomplished” လို့ဆိုခဲ့တယ်။
သဘာဝက အလျင်မလို။
ဒါပေမယ့် အရာရာ ပြည့်စုံအောင် ဖြစ်မြောက်တယ်။
Life Flow ဆိုတာ
ကိုယ့်ဘဝရဲ့ သဘာဝလမ်းကြောင်းကို နားလည်ပြီး
အဲ့ဒီလမ်းကြောင်းအတိုင်း စီးဆင်းနေတာ။
ရေစီးကြောင်းကို ဆန်ပြီးကူးရင် ပင်ပန်းတယ်။
ရေစီးကြောင်းအတိုင်း ကူးရင် အားစိုက်စရာနည်းတယ်။
ဘဝမှာလဲ အတူတူပဲ။
ကိုယ်နဲ့ မကိုက်တဲ့လမ်းကို အတင်းလျှောက်ရင်
နေ့တိုင်း တိုက်ပွဲဆင်နေရသလိုပဲ။
ကိုယ်နဲ့ ကိုက်တဲ့လမ်းကို လျှောက်ရင်
ခက်ခဲတဲ့အရာတွေတောင် သာယာတယ်။

Task Flow
စိတ်ပညာရှင် Mihaly Csikszentmihalyi က
Flow State ဆိုတဲ့ concept ကို တီထွင်ခဲ့တယ်။
Task Flow ဆိုတာ
အလုပ်တစ်ခုလုပ်နေစဥ်
အချိန်ကုန်သွားမှန်းမသိအောင် နစ်မြုပ်နေတဲ့အခြေအနေ။
ဂိမ်းကစားနေတုန်း နာရီပေါင်းများစွာ ကုန်သွားတာ သတိမထားမိသလို
ဝါသနာပါတဲ့အလုပ်လုပ်နေတုန်း အချိန်ပျံသွားတာမျိုး။
Task Flow ဖြစ်ဖို့ အခြေအနေသုံးခုလိုတယ်။
၁။ Challenge နဲ့ Skill ညီမျှရမယ်။
လွယ်လွန်းရင် ပျင်းတယ်။
ခက်လွန်းရင် စိတ်ဓာတ်ကျတယ်။
၂။ Clear Goal ရှိရမယ်။
ဘာလုပ်ရမလဲ ရှင်းရှင်းလင်းလင်းသိရမယ်။
၃။ Immediate Feedback ရရမယ်။
လုပ်နေတာ မှန်လား မှားလား ချက်ချင်းသိရမယ်။

Life Flow vs Task Flow
Task Flow က တစ်ခုချင်းစီမှာ ဖြစ်တယ်။
Life Flow က ဘဝတစ်ခုလုံးမှာ ဖြစ်တယ်။
Task Flow မရှိဘဲ Life Flow ရှိနိုင်တယ်။
Life Flow မရှိဘဲ Task Flow ရှိနိုင်တယ်။
ဒါပေမယ့် နှစ်ခုလုံးရှိမှ
ဘဝက တကယ် အရသာရှိတယ်။

Life Flow ကိုသိဖို့
Life Flow ကိုသိဖို့
ကိုယ့်ကိုကိုယ် နားလည်အောင်လုပ်ရတယ်။
ကိုယ်ဘာကို တကယ်လိုချင်လဲ။
ကိုယ်ဘာမှာ တကယ်တော်လဲ။
ကိုယ်ဘာလုပ်ရင် အချိန်ကုန်မှန်းမသိဖြစ်လဲ။
ကိုယ်ဘာလုပ်ရင် စွမ်းအင်ပြန်ရလဲ။
ဒီမေးခွန်းတွေကို ရိုးရိုးသားသား ဖြေနိုင်မှ
ကိုယ့် Life Flow ကို တွေ့မယ်။
တခြားသူတွေရဲ့ Flow က
ကိုယ့်အတွက် Flow မဟုတ်နိုင်ဘူး။
ကိုယ့် Flow ကိုယ်ရှာရမယ်။

Flow ပျက်တဲ့အချိန်
Flow ပျက်ရတဲ့ အကြောင်းရင်းတွေရှိတယ်။
တခြားသူတွေနဲ့ နှိုင်းယှဥ်လွန်းတာ။
ကိုယ်မဟုတ်တဲ့သူ ဖြစ်ချင်လွန်းတာ။
အတိတ်မှာ ပိတ်မိနေတာ။
အနာဂတ်ကို စိုးရိမ်လွန်းတာ။
Flow ပြန်ရဖို့
ပစ္စုပ္ပန်ကို ပြန်လာရတယ်။
အခု ဒီနေ့ ဒီအချိန်
ကိုယ်ထိန်းချုပ်နိုင်တဲ့အရာကို အာရုံစိုက်။
ဒါပဲ။

ဘဝက ရေစီးကြောင်းလိုပဲ။
ရေစီးကြောင်းကို နားလည်ရင်
ကူးရတာ လွယ်တယ်။
ကိုယ့် Flow ကိုယ်သိရင်
ဘဝက သာယာတယ်။
Master Your Flow ဆိုတာ
ကိုယ့်ကိုကိုယ် Master ဖြစ်တာပဲ။

Phyo Paing @ Derek

Share Your Idea!​