Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အသစ်အပြောင်းအလဲလုပ်ရမှာ
ကြောက်နေလို့မရဘူး။

အသစ်တစ်ဖန်ပြန်ဖန်တီးဖို့
ကြောက်နေလို့မရဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇၂၂ နှစ်က
Shang Dynastry ဆိုတာ
တရုတ်မှာ ပေါ်ခဲ့တယ်။
ဂရိမှာ ဟာဂျူရီတို့၊
Trojan war တွေပေါ်တဲ့အချိန်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၉၂ နှစ်က
Xia dynastry ဆိုတာပေါ်ခဲ့တယ်။

တရုတ်မှာ စုစုပေါင်း မင်းဆက် ၈၃ ဆက်
ဘုရင်ပေါင်း ၅၅၉ emperor တွေရှိခဲ့ပြီး
The Zhou မင်းဆက်မှာ
သက်တမ်းအကြာဆုံးဖြစ်တယ်။
၅၁၄ နှစ်ကြာတယ်။

နှစ်ပေါင်း ၄၀၀၀
တည်တံ့တဲ့ လူ့အဖွဲ့အစည်းတစ်ခု
ဖြစ်လာဖို့ reinvention
ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်တွေ
လုပ်ခဲ့တာ လေ့လာရသလို
အကောင်းပြီးရင် အဆိုး၊
ဒီနှစ်ခု တစ်လှည့်စီလာနေတာ
သတိပြုမိတယ်။

Dynastry တစ်ခုတစ်ခုဟာ
နှစ်ပေါင်း ၁၀၀ ကျော်တာ
သိပ်မများဘူး။
ဒါပေမယ့် Qing Dynastry ဟာ
နှစ်ပေါင်း ၂၇၆ ကြာခဲ့တယ်။
မွန်ဂိုတွေထိန်းချုပ်ခဲ့တာ နှစ်ပေါင်း
၃၀၀ လောက်ရှိခဲ့တယ်။
နောက် Qing Dynastry မှာဆို
မန်ချူးတွေ။

မဟာတံတိုင်းကို အဓိက တည်ဆောက်ခဲ့တာ
Ming Dynastry မှာဖြစ်တယ်။
AD 1368 ကနေ 1644 မှာဖြစ်ပြီး
ဒီမင်းဆက်က သက်တမ်း ၂၇၆ နှစ်ကြာတယ်။
ဒါက မွန်ဂိုတွေခေတ်ပြီးတော့
ဖြစ်လာတဲ့ မင်းဆက်။

Qin Shi Huang (秦始皇)
လက်ထက်မှာ တရုတ်အတွေးအခေါ်
ဗေဒင်ကျမ်းစာနဲ့ စာအုပ်
တော်တော်များများကို မီးရှို့ဖျက်စီးခဲ့တယ်။
ဒီ Qin dynasty 秦朝 ဟာ
သက်တန်း ၁၄ နှစ်သာခံပေမယ့် (221–207 BC)
ဒါဟာ တရုတ်သမိုင်းကို
နှစ်ထောင်ပေါင်းများစွာ တည်တန့်ဖို့
အထောက်အပံကောင်းတွေပေးခဲ့တယ်။

နှစ်ပေါင်း ၁၀၀ လောက်
မျက်နှာမွဲဖြစ်ခဲ့သလို
အခု ကော်မီတွေ 1921 မှာ
စတင်တည်ထောင်တယ်။
1923 မှာ Dr. ဆွန်ယက်ဆင်က
CCP ကိုဖိတ်ပြီး United Front ကို
လာ join ဖို့ခေါ်တယ်။
ဂျပန်နဲ့ စစ်ဖြစ်တယ်။
အချင်းချင်း ideology ကြောင့်
ရန်ဖြစ်တာရပ်ပြီး တရုတ်အမျိုးသား
အင်အားစုပေါင်းပြီး ဂျပန်ကို
ပြန်တိုက်ထုတ်တယ်။
The Second Sino-Japanese War က
1937–1945 ထိ ၈ နှစ်ကြာတယ်။

ပုံမှန် ချန်ကေရှိတ် က အမေရိကန်အကူညီကို
Himalaya ကနေ မြစ်ကြီးနားထိ
လေယာဉ်နဲ့ အကူညီရယူတဲ့အချိန်။
ဂျပန် fighter aircraft တွေရဲ့ရန်အပြင်
1942 မှာ ဂျပန်က ဗမာပြည်ကိုသိမ်းပြီး
Burma Road ကိုပိတ်လိုက်တယ်။
ဒုတိယကမ္ဘာစစ်မှာ
တရုတ်ကို ထောက်ပံ့ဖို့ Burma Road အစား
Leo Road ဆိုတာကို သုံးခဲ့ရတယ်။
တရုတ်ဖြူဆိုတာ အဲ့ကဖြစ်လာတယ်။

ယဉ်ကျေးမှုတော်လှန်ရေးကြီးမှာ
အဘိုးနဲအဘွားက
ဘိုးဘေးတွေနဲ့ ရေကြည်ရာ
မြက်နုရာ ပြောင်းရတယ်။

တကယ်တမ်း 1942 ကနေ အခု 2022 ထိဆို
နှစ်ပေါင်း 80 ပဲရှိသေးတယ်။
ကျွန်တော်တို့ ခေတ်မှာလဲ
အပြောင်းအလဲ ကြမ်းနိုင်သေးတယ်။

Civilization တစ်ခုရှင်သန်ဖို့
Reinvent လုပ်နေဖို့လိုသလို
လူတစ်ယောက်ကလဲ
အသစ်အပြောင်းအလဲလုပ်ရမှာ
ကြောက်နေလို့မရဘူး။

Phyo Paing @ Derek

Share Your Idea!​