လူတစ်ယောက်အကြောင်းသိချင်
သူကြီးပျင်းတဲ့ပတ်ဝန်းကျင်မှာ
ထိတွေ့ခဲ့တဲ့သူတွေကို လေ့လာကြည့်။
အဖေ၊ အမေ၊ အဘိုး၊ အဘွား၊
ဦးလေး၊ အဒေါ်၊
ဆရာ၊ ဆရာမ၊ သူငယ်ချင်း၊
အသိုင်းအဝိုင်း။
ဒါတွေက လူတွေရဲ့လောကအဓိပ္ပာယ်ဖွင့်ဆိုမှုကို
တော်တော် ကြီးလွမ်းမိုးထားတတ်တယ်။
ဟာဗတ်သုတေသနမှာ
Social contagion theory အရ
ဝတဲ့သူနဲ့ပေါင်းရင် ဝဖို့အလားအလာ
၅၇% ပိုများတယ်တဲ့။
လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့ပေါင်းရင်
၅၇% လေ့ကျင့်ခန်းပိုလုပ်ဖို့များတယ်။
အရက်သမားနဲ့ပေါင်းရင်
အရက်သောက်ဖို့အလားအလာ
၅၇% ပိုများတယ်တဲ့။
ဘူတဲ့သူနဲ့ ပေါင်းရင် ဘူဖို့
၅၇% ပိုများတယ်။
မွဲတဲ့သူနဲ့ပေါင်းရင် မွဲဖို့
၅၇% ပိုများတယ်။
တရားသမားနဲ့ပေါင်းရင် တရားလုပ်ဖြစ်ဖို့
၅၇% ပိုများတယ်။
အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းက
ကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။
ကိုယ်လိုချင်တဲ့အသိုင်းအဝိုင်းထဲဝင်ဖို့
ကြိုးစားနိုင်ခြင်းက
ကိုယ့်ရဲ့အားထုတ်မှုပဲ။
Phyo Paing @ Derek