Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အသုံးချတဲ့ ကုမ္ပဏီက
ပိုအောင်မြင်နိုင်တယ်။

နည်းပညာ ထုတ်တဲ့ကုမ္ပဏီထက်
ဒီနည်းပညာကို
ကိုယ့်ကုန်ပစ္စည်းပိုရောင်းရအောင်
အသုံးချတဲ့ ကုမ္ပဏီက
ပိုအောင်မြင်နိုင်တယ်။

Geotagging နည်းပညာကိုအသုံးပြု
Uber အောင်မြင်သွားတယ်။

ရေခဲ့သေတ္တာကုမ္ပဏီတွေထက်
ရေခဲသေတ္တာနည်းပညာကိုအသုံးပြုတဲ့
Coca Cola က ပိုအောင်မြင်သွားတယ်။

ရေခဲသတ္တာနည်းပညာကို အသုံးပြုပြီး
ချမ်းသာသွားတဲ့
ရေခဲသတ္တာကုမ္ပဏီတွေရှိတယ်။
Kelvinator Company လဲတစ်ခုပါခဲ့တယ်။

ရေခဲသေတ္တာနည်းပညာကို အသုံးပြုပြီး
အချိုရည်ရောင်းတဲ့
ကုမ္ပဏီတွေရှိတယ်။
သူတို့က ရေခဲသေတ္တာကုမ္ပဏီတွေထက်
ပိုချမ်းသာသွားကြတယ်ဆိုတာ
ကမ္ဘာ့ထိပ်တန်းကုမ္ပဏီစာရင်းသိရင်
သိနိုင်တယ်။
ဥပမာ Coca Cola Company

အလားတူပဲ။
ecommerce နည်းပညာအသုံးပြုပြီး
စာအုပ်ရောင်းတဲ့ ကုမ္ပဏီက
A to Z ရတဲ့ everything store
Amazon ဖြစ်သွားတယ်။

Search နည်းပညာသုံးတဲ့
Google က လူအများသုံးတဲ့
နည်းပညာ ဒီမိုကရေစီပေးတဲ့
ကုမ္ပဏီကြီးဖြစ်သွားတယ်။

Streaming နည်းပညာသုံးတဲ့
Netflix က Blockbuster ကို
အစားထိုးသွားတယ်။

ဒီနေ့ခေတ်မှာ AI ထုတ်တဲ့
ကုမ္ပဏီတွေအောင်မြင်သလို
AI ကိုအသုံးချပြီး
အောင်မြင်သွားတဲ့ ကုမ္ပဏီတွေလဲ
ပိုထွက်လာနိုင်တဲ့အတွက်
တစ်ကမ္ဘာလုံးမှာ
တရုတ်မှာ အကြီးအကျယ်ချနေကြပြီ။

ကားမောင်းတတ်တဲ့သူနဲ့
စက်ဘီးပဲ စီးတတ်တဲ့သူနဲ့
လမ်းပဲ လျှောက်တဲ့သူ
သွားနိုင်တဲ့ အကွာအဝေးနဲ့
အသုံးပြုရတဲ့အချိန်
အကြီးကြီးကွာသွားနိုင်တယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​