လုပ်ငန်းရှင်အနေနဲ့ ကိုယ့်လုပ်ငန်း
Operation မှာ ကိုယ်မပါပဲ လည်ပတ်ဖို့အတွက်
အိမ်ပိုင်ရှင်တစ်ဦးလို စဥ်းစားဖို့လိုပါတယ်။
အိမ်ပိုင်ရှင်အနေနဲ့ အိမ်ဆောက်တဲ့အခါ
ဘယ်လိုအိမ်မျိုးဆောက်မယ်၊
အခန်းဘယ်နှစ်ခန်း၊
အထပ်ဘယ်နှစ်ထပ်၊
ဘယ်နေရာမှာ ဆောက်မယ် အစရှိတာတွေ
စဥျးစားရသလို
လုပ်ငန်းတစ်ခု တည်ဆောက်တဲ့အခါမှာလဲ
ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ Vision ရှိဖို့လိုပါတယ်။
ဒီစိတ်ကူးအိမ်မက် အမြင် ထဲက အိမ်တည်ဆောက်ဖို့
Engineer တွေ၊ လက်သမား၊ ပုရံဆရာတွေ လိုပါတယ်။
နောက် ကုန်ကျစရိတ်နဲ့ timeline တွေရှိပါမယ်။
လုပ်ငန်းတစ်ခု တည်ဆောက်တဲ့အခါမှာလဲ အလားတူပါပဲ။
လုပ်ငန်းကို စီမံခန့်ခွဲမည့် Manager လိုသလို၊
သက်ဆိုင်ရာလုပ်ငန်းဆောင်တာတွေဖြစ်တဲ့
Marketing, Sales, Customer Service, Operations
အစရှိတဲ့ အလုပ်တွေအတွက် ဝန်ထမ်းလိုပါတယ်။
ကိုယ်ဆောက်ချင်တဲ့အိမ်က ကြီးလေလေ
အချိန်ပိုပေးရလေလေဖြစ်သလို၊
ကျွမ်းကျင်ဝန်ထမ်းပိုလိုလေလေဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ operation ထဲမှာ
မနစ်မြုပ်နေပဲ ကိုယ့်လုပ်ငန်းကို အိမ်ပိုင်ရှင်တစ်ယောက်လို
စဥ်းစားပြီး လွဲစရာရှိတဲ့ တာဝန်တွေကို
“စနစ်တကျ” ကိုယ့်ဝန်ထမ်းတွေကို
လွဲပြောင်းပေးနိုင်ဖို့ အရေးကြီးပါတယ်။
#Akyanpay