နည်းပညာတွေတိုးတက်လာတာနဲ့အမျှ
အနာဂတ်မှာ အသက် ၁၀၀ ကို
အနာကင်းကင်းနဲ့ နေနိုင်လာတဲ့ခေတ်
ရောက်လာဖို့များတယ်။
၂၀၂၃ ဒေတာအရ
ကမ္ဘာ့နိုင်ငံများ၏ ပျမ်းမျှသက်တမ်းတွေက
Central African Republic: 53.9 နှစ်
Nigeria: 55.0 နှစ်
Somalia: 58.3 နှစ်
မြန်မာနိုင်ငံ (Myanmar): 67.4 နှစ်
India: 70.1 နှစ်
Malaysia (မလေးရှား): 76.4 နှစ်
Thailand (ထိုင်း): 77.0 နှစ်
China: 77.1 နှစ်
United States: 77.3 နှစ်
United Kingdom: 81.3 နှစ်
Singapore (စင်္ကာပူ): 83.9 နှစ်
Switzerland: 84.0 နှစ်
Japan: 84.8 နှစ်
Monaco: 85.9 နှစ်
အနိမ့်ဆုံး 53.9 ကနေ 85.9 ထိရှိနေပြီ။
လွန်ခဲ့တဲ့ နှစ်ငါးဆယ် ၁၉၇၃ ခုနှစ်က
မြန်မာ (Myanmar): 49.2 နှစ်
ထိုင်း (Thailand): 60.4 နှစ်
မလေးရှား (Malaysia): 64.5 နှစ်
စင်္ကာပူ (Singapore): 69.5 နှစ်
ဂျပန် (Japan): 73.3 နှစ်
ပျဉ်းမျှသက်တမ်းရှိခဲ့ကြတယ်။
နည်းပညာ၊ ဆေးပညာ တိုးတက်လာတာနဲ့အမျှ
ဘဝကို အသက်ရှည်ရှည်၊
အနာကင်းကင်း
အသက်ရှင်တုန်း ဘဝအရည်အသွေး
ကောင်းအောင်လုပ်လို့ရလာနိုင်တယ်။
အဓိကကိုယ်ထိန်းချုပ်လို့ရတဲ့အပိုင်းက
ပါးစပ်ထဲ ထည့်တဲ့အစာကိုဂရုပြု။
ခေါင်းထဲထည့်တဲ့ အတွေးအခေါ် ဂရုပြု။
နေ့စဉ် လုပ်ဆောင်တဲ့ အပြုအမူဂရုပြု
ဆင်ခြင်နေထိုင်ဖို့ပဲ။
ဒါကတော့ ကိုယ့်ကိုကိုယ်
အကောင်းဆုံးပေးလို့ရတဲ့လက်ဆောင်ပဲ။
ဒီနောက်ပိုင်း နည်းပညာ၊ ဆေးပညာ
တိုးတက်မှုကို
ကျန်းမာရေးလိုက်စားပြီး
ပိုက်ဆံတိုးပွါးအောင်လုပ်ပြီး
စောင့်နေဖို့လိုတယ်။
ဘဝကို တန်ဖိုးထားတဲ့အတွက်
အသက်ရှည်ချင်တယ်။
အိုမင်းမှုကို အတိုင်းအတာတစ်ခုထိ
တွန်းလှန်နိုင်ဖို့
အမူအကျင့်တွေကို ဂရုစိုက်ရမယ်။
Phyo Paing @ Derek