Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အေအိုင်

မနက်တိုင်း Journaling ရေးပြီးရင်
AI ကို မေးတယ်။
မင်းသာ ငါ့ business coach ဖြစ်ပြီး
ဒီနှစ် ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့အတွက်ဆို
ငါ့ကို ဘာမေးခွန်းတွေ မေးမလဲဆိုပြီး။

ခုတောင် AI သုံးနိုင်တဲ့ သူနဲ့
မသုံးနိုင်တဲ့ သူ တော်တော်ကွာသွားမယ်။

သုံးတယ်ဆိုတာ
Generative AI မှာ
ကိုယ်လိုချင်တဲ့ output ရဖို့
ဘာရေး၊ ဘာမေးမယ်ဆိုတဲ့ input နဲ့
အသုံးပြုတဲ့ AI model ပေါ်မူတည်ပြီး
prompt engineering လုပ်ရတယ်။

ဒီလိုလုပ်တဲ့အခါ အမြဲတမ်း
output က ကိုယ်လိုချင်တာဖြစ်ရဲ့လား
အမြဲ ကြည့်ရတယ်။

မားကတ်တာတွေ၊ စွန့်ဦးတီထွင်တွေအတွက်က
Prompt engineering လုပ်နိုင်စွမ်းက
ဖိုထိုး alchemy လုပ်သလိုပဲ။

လုပ်ငန်းချင်းတူရင်တောင်
လူမှုကွန်ယက် social media ကို
အသုံးချတဲ့ပုံမတူရင် ရလဒ်မတူသလိုပဲ
အေအိုင်တစ်ခေတ်ကလဲ အဲ့လိုဖြစ်နေမယ်။

Phyo Paing @ Derek

Share Your Idea!​