မအောင်မြင်တဲ့သူတွေရဲ့
စကားနားထောင်ပါ။
ဘာကြောင့်လဲဆို
သူတို့ရဲ့ တွေးပုံခေါ်ပုံကို
သင်ခန်းစာယူ
ရှောင်လို့ရတယ်။
သူတို့ရဲ့လုပ်ပုံကိုင်ပုံကိုကြည့်
သင်ခန်းစာယူ
ရှောင်လို့ရတယ်။
အောင်မြင်တဲ့သူတွေရဲ့စကားပဲ
နားမထောင်ပါနဲ့။
မအောင်မြင်တဲ့သူတွေရဲ့စကားလဲ
နားထောင်ပါ။
သူတို့ဆီက တန်ဖိုးမဖြတ်နိုင်တဲ့
ရှောင်လို့ရတဲ့ သင်ခန်းစာတွေရတယ်။
ငွေကြေးအမြဲတိုင်ပတ်သူတွေမှာ
ငွေကြေးနဲ့ပတ်သက်လို့
မှားယွင်းနေတဲ့ ယုံကြည်မှု၊
အတွေးအခေါ်၊
လုပ်ဆောင်မှုတွေရှိတတ်တယ်။
လူမှုရေးတိုင်ပတ်သူတွေမှာ
လူမှုရေးနဲ့ ပတ်သက်လို့
မှားယွင်းနေတဲ့ ယုံကြည်မှု၊
အတွေးအခေါ်၊
လုပ်ဆောင်မှုတွေရှိတတ်တယ်။
ကြိုးစားတိုင်းမအောင်မြင်
ကံနည်း၊ ဥာဏ်နည်းနေတဲ့သူတွေမှာ
မှားယွင်းနေတဲ့ ယုံကြည်မှု၊
အတွေးအခေါ်၊
လုပ်ဆောင်မှုတွေရှိတတ်တယ်။
ဒါကြောင့် မအောင်မြင်တဲ့သူတွေ
အမြဲကျရှုံးတတ်တဲ့သူတွေ
ထာဝရတိုင်ပတ်တတ်သူတွေ
စကားနားထောင်ပါ။
ဒါမှ ရှောင်လို့ရမယ်။
Phyo Paing @ Derek