ဒီနှစ်ခုက leverage ကုတ်အားကန်အားယူလို့ရတဲ့
ကျွမ်းကျင်မှုနှစ်မျိုးဖြစ်တယ်။
Marketing ကောင်းရင်
ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို
လူအများအများသိအောင် လုပ်ဆောင်နိုင်တယ်။
Management ကောင်းရင်
လူအများကြီးအသုံးပြုပြီး
ကိုယ့်လုပ်ငန်းရည်မှန်းချက်ပန်းတိုင်ရောက်အောင်
မြန်မြန် လုပ်နိုင်တယ်။
ဒါပေမယ့် ဒီနှစ်ခုစလုံးကျွမ်းကျင်ဖို့ဆိုတာ
တော်တော်လေးမလွယ်ဘူး။
ဘာကြောင့်လဲဆိုတော့ ပုံစံမတူလို့။
Marketing က ဖန်တီးမှု
Creativity ကိုအသားပေးတယ်။
မတူညီတဲ့ အိုင်ဒီယာတွေကို ပေါင်းစပ်ပြီး
ဘိတ်သိတ်ဖို့ ဘိတ်သုကာပညာ
အမြင်ပြောင်း အတတ်ပညာတစ်ခုပဲ။
Management ကျတော့
Control လို့ခေါ်တဲ့ ထိန်းချုပ်မှုအသားပေး။
အတိတ်ကိုကြည့်ပြီး ထိန်းချုပ်မှုကိုသွားတယ်။
သတ်မှတ်ထားတဲ့ စည်းနဲ့ဘောင်နဲ့အတွင်းမှာ
ပြီးအောင် မူဝါဒတွေ၊ လုပ်ငန်းစဥ်တွေနဲ့သွားတယ်။
ဒါကြောင့် ကုမ္ပဏီကြီးတွေက
သူတို့ မားကတ်တင်း ကုမ္ပဏီတွင်း in-house အပြင်
အပြင် ကျွမ်းကျင် agency တွေနဲ့ အလုပ်လုပ်ကြတာ
သိကြလိမ့်မယ်။
ကိုယ့်လုပ်ငန်းမှာ အောင်မြင်ဖို့
ကျွမ်းကျင်မှုတွေ အများကြီးလိုတယ်။
အဲ့ထဲမှာ ကျွန်တော်စဥ်းစားမိတဲ့
scale ချဲ့ထွင်လို့ရတဲ့
leverage အသုံးချလို့ရတဲ့ ကျွမ်းကျင်မှုက
Marketing နဲ့ Management ပဲ။
Phyo Paing @ Derek