ပလန်ထားတဲ့အတိုင်း အကုန်ဖြစ်ရအောင်
ဘဝက မအေးအေးဝင်းစီစဉ်တာမှ မဟုတ်တာ။
ပလန်တဲ့အတိုင်းမဖြစ်ရင်
ဖြစ်လာတဲ့အတိုင်း ပြန်ပလန်ရမှာပဲ။
ပလန်ထက် အရေးကြီးတာ ပလန်နင်း။
တချို့ပလန်က တမင်တကာချမှတ်ရတဲ့
Deliberate plan
တချို့ပလန်က မီးစင်ကြည့်ကရတဲ့
Emergent plan
ပထမ ပလန်မဖြစ်ခဲ့ရင်
ပလန်ဘီကိုစဉ်းစားတာကိုကျ
Contigency plan
ဝေဒနာနဲ့ မဆုံးဖြတ်ပဲ
အရင်ရခဲ့ဖူးတဲ့ရလဒ် ဒေတာနဲ့
အဖြေရှာတဲ့အခါ
ပြောပြမရတဲ့ လောကသဘာဝရဲ့
မြေပြင်အနေအထားတွေကို
ဝေဝါးမှုတွေကြားက သိလာမယ်။
ရှင်သန်ဖို့၊ ရှင်ကျန်ဖို့၊ ကြီးထွားဖို့က
ပလန်နေရမှာပဲ။
အကောင်အထည်ဖော်နေရမှာပဲ။
အောင်မြင်မှုဆိုတာ
အခွင့်အရေးနဲ့ ပြင်ဆင်မှုတွေ့တဲ့အခါဖြစ်တယ်။
ကံကောင်းပြီး
အလကားရတာ ဘားမှမရှိတဲ့
ဘဝသမား
ရည်မှန်းချက်ကြီးသူတွေအတွက်
အဟိတ်အဟန်တွေကြားမှာ
အနာဂတ်အတွက်
ကြိတ်ကြံနေရမှာပဲ။
ဒါမှ ကိုယ်လိုချင်တဲ့
ဘဝရဲ့ နိဗ္ဗာန်နဲ့ ပိုနီးလာမယ်။
Phyo Paing @ Derek