Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်

တခါတခါ စဥ်းစားမိတယ်။
အောင်မြင်မှုဆိုတာ
Trauma response တစ်ခုဖြစ်နိုင်တယ်။

အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ
အမျိုးမျိုးရှိပြီး
ကျွန်တော်ကတော့ နှစ်မျိုးခွဲကြည့်တယ်။

၁။ ကိုယ်လိုချင်တာရပြီး
ကိုယ့်ဘဝကိုယ်ကျေနပ်နေတာ။
ဒါကတော့ တစ်ကိုယ်ရည်အောင်မြင်မှုပေါ့။
Private victory ပေါ့။

၂။ နောက်တစ်မျိုးကတော့
လူအများစုလိုချင်ပြီး မရသေးတဲ့အရာကို
ရယူပိုင်ဆိုင် ဆွတ်ခူးနိုင်တဲ့အတွက်
အသိအမှတ်ပြုမှုရတာမျိုး။
ဒါကတော့ Public victory ပေါ့။

တချို့လူတွေအနေနဲ့ လူတွေအမြင်မှာ
အောင်မြင်တဲ့ ဘဝပိုင်ဆိုင်ပြီး
အတွင်းကြေ မပျော်တာတွေလဲဖြစ်နိုင်တာပဲ။
ဒါကြောင့် ကိုရီးယားမှာ နာမည်ကြီး
ချမ်းသာအောင်မြင်ပြီး
ကိုယ့်ကိုယ်ကို
သတ်သေသွားတဲ့ သာဓကတွေ
တွေ့တွေ့နေရတတ်တယ်။

အများသူတွေရဲ့ အမြင်မှာရှိတဲ့
အောင်မြင်မှုဆိုတဲ့အရာကို
တောင်းတလွန်းတာဟာ
Trauma response တစ်ခုပဲ။

ဒီ Trauma response က
ကိုယ့်ကိုယ်ကို အတွက်ဆို ပြဿနာမရှိဘူး။
အောင်မြင်ဖို့အတွက်လဲ
တွန်းအားတွေ အကြီးကြီးဖြစ်စေနိုင်တယ်။

ဒါပေမယ့် ဒီ Trauma response ကို
ကိုယ်တိုင်အပေါ်မဟုတ်ပဲ
တခြားသူတွေအပေါ် ထားတဲ့အခါ
toxic အဆိပ်အတောက်ဖြစ်တဲ့
ဆက်ဆံရေးတွေ ဖြစ်ပေါ်စေတတ်တယ်။

ဥပမာ
ကိုယ့်လက်ထက်မှာ မရခဲ့တဲ့အရာကို
ကိုယ့်သားသမီးလက်ထက်မှာ ရစေချင်တာမျိုး။

ဒါကြောင့် ဒီ Trauma response တွေကို
ထပ်ပြီး ဒရာမာတွေ မပွားအောင်
ကိုယ့် Trauma response ကို
ကိုယ်တိုင်တာဝန်ယူပြီး
ကိုယ့်သားသမီး၊ သမီးရည်းစားလင်မယား၊
တခြားသူတွေပေါ် မလွဲချခြင်းဟာ
တဖက်သားကို တကယ်မေတ္တာထားချစ်ရာလဲ
တကယ်ရောက်တယ်လို့ထင်ပါတယ်။

Sometimes I ponder, success could be a response to trauma. The interpretation of success varies widely, and I see it in two distinct ways:

Achieving what one desires and feeling content with one’s life represents personal success, a private victory.

The other type is about acquiring what the majority desires but hasn’t yet obtained, leading to recognition. This is a public victory.

For some, owning a successful life in the eyes of others may not bring internal joy. In Korea, there are notorious cases of individuals who, despite achieving wealth and success, ended their own lives due to internal struggles.

Striving too hard for a success defined by others can be a trauma response. This response might not pose a problem for oneself and could even provide significant motivation for success.

However, when this trauma response is projected onto others, it can become toxic and lead to harmful relationships. For example, desiring for one’s children to achieve what one couldn’t during one’s own lifetime.

Therefore, managing one’s trauma responses without imposing them on others, such as children, partners, or others, is crucial. Taking responsibility for one’s trauma responses and not misdirecting them ensures true love and care for another party.

Phyo Paing @ Derek

Share Your Idea!​