သာမာန်စံနှုန်းထက်
ရလဒ်ပိုကောင်းတာကို
အောင်မြင်မှုလို့
သတ်မှတ်လို့ရနိုင်တယ်။
စံနှုန်းဆိုတာ မိသားစု၊
အသိုင်းအဝိုင်း၊
အရင်ရလဒ်ပေါ်
မူတည်ပြီးဖြစ်လာတယ်။
ကျောင်းပြီးစ လူငယ်အတွက်
ကုမ္ပဏီကောင်းကောင်းမှာ
အလုပ်ရတာ အောင်မြင်မှုဖြစ်နိုင်တယ်။
လုပ်ငန်းရှင်တစ်ယောက်အတွက်
သူ့လုပ်ငန်းနယ်ပယ်မှာ
အများစုရထားတဲ့ ရလဒ်ထက်
ပိုကောင်းအောင်ရနိုင်တာကို
အောင်မြင်မှုလို့ခေါ်နိုင်တယ်။
အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်က
ရှုံးနိမ့်မှု မဟုတ်ဘူး။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှု
သွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။
အောင်မြင်မှုအတွက် ရန်သူက
သာမာန် average ပဲ။
ဒါကြောင့် အရာရာအဆင်သင့်
ဖြစ်မှ စတင်မယ်ဆိုတဲ့
သာမာန်အတွေးကို ဖျောက်ဖို့
လိုသလို
အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပဲ
ဘယ်တော့မှ အစိုးမရဘူး။
အိမ်ငှါးခ မပေးနိုင်ရင်
ကန်ချခံရမှာပဲ။
Phyo Paing @ Derek