ချမ်းသာတဲ့သူက ပိုချမ်းသာတတ်ကြတယ်။
တော်တဲ့သူက ပိုတော်ပြီး
အောင်မြင်တဲ့သူက ပိုအောင်မြင်ကြတယ်။
ဘာကြောင့်လဲ။
အောင်မြင်မှု စက်ဝန်းကြောင့်မို့လို့ပဲ။
သံသရာလိုပဲ လည်နေတယ်။
ဥပမာ
ချမ်းသာတဲ့သူတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံပိုရှိတယ်
ပညာရေးအခွင့်အလမ်းကောင်းတွေ ရနိုင်တယ်
စီးပွားရေးအခွင့်အလမ်းတွေကို အသုံးချနိုင်တယ်
လူမှုရေးကွန်ယက်ကောင်းတွေရှိတယ်
စီးပွားရေးမိတ်ဖက်တွေနဲ့ ပူးပေါင်းနိုင်တယ်
အကြံဉာဏ်ကောင်းတွေရနိုင်တယ်
တော်တဲ့သူတွေက ဗဟုသုတပိုရှိတယ်
အမှားအမှန်ကို ပိုသိတယ်
ပြဿနာဖြေရှင်းနိုင်စွမ်း ပိုကောင်းတယ်
အောင်မြင်မှုက ယုံကြည်မှုကို တိုးစေတယ်
ရည်မှန်းချက်ကြီးတွေ ထားရဲတယ်
စိတ်ဓာတ်ကျစရာတွေကို ကျော်လွှားနိုင်တယ်။
တကယ်လို့ ကိုယ်သွားနေတဲ့
ဘဝရဲ့ လမ်းကြောင်းကမမှန်ရင်
ဒါကို ပြောင်းသင့်ရင်ပြောင်းရမှာပဲ။
တချို့ အချစ်ရေးအမြဲတိုင်ပတ်နေသူတွေရှိတယ်။
ငွေကြေး အမြဲတိုင်ပတ်နေသူတွေရှိတယ်။
ပေါင်းသင်းဆက်ဆံရေးအမြဲတိုင်ပတ်နေသူတွေရှိတယ်။
ဒါက စိတ်ညစ်စရာမဟုတ်ဘူး။
ဒါက ပြောင်းလဲရမည့်အရာ။
ပြောင်းလဲလို့လဲရတယ်။
အရေးကြီးတာ သတိရှိဖို့။
ဗုဒ္ဓရဲ့ မဂ္ဂင်ရှစ်ပါးအဆုံးအမအရ
သမ္မာသတိ
မှန်သော အောက်မေ့ နှလုံးသွင်းမှုလိုတယ်။
Phyo Paing @ Derek