အေးချမ်းချင်ရင်
လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။
ကိုယ့်အရည်အချင်းနဲ့ မထိုက်တန်တဲ့
ချမ်းသာမှုကို မသမာနဲ့နည်း၊
သမာအာဇီဝမကျတဲ့နည်းနဲ့မရှာနဲ့။
ချမ်းသာလိမ့်မယ်။
ကြွယ်ဝမှာ မဟုတ်ဘူး။
ချမ်းသာတယ်ဆိုတာ ရှိတာ။
ချက်ချင်းပြန်ကုန်သွားနိုင်တယ်။
ကြွယ်ဝတယ်ဆိုတာ ပေါများကြွယ်ဝနေတာ။
မသမာနည်းနဲ့ သမာအာဇီဝမကျတဲ့နည်းနဲ့
ငွေရှိလိမ့်မယ်။
အတွင်းစိတ်အေးချမ်းမှာ မဟုတ်ဘူး။
ဒါကြောင့် ဒါကိုလဲအားမကျမိနဲ့။
လူ့သဘောအရ စိတ်ယိုင်တတ်တယ်။
တွေ့ဖူးတဲ့ သူတပါးမျက်ရည်ကြီးငယ်ကျအောင်လုပ်ပြီး
ငွေရှာတဲ့သူတွေ၊
ဘဝတွေပျက်အောင်လုပ် ငွေရှာတဲ့သူတွေ
ပူလောင်နေကြတာများတယ်။
ဓာတ်ဆိုတာ ခံစားလို့ရတယ်။
ဒါကြောင့် ဗုဒ္ဓက သံသရာကလွတ်မြောက်ဖို့
မဂ္ဂင်ရှစ်ပါးမှာ
သမာအာဇီဝ အသက်မွေးပါဖို့ဟောကြားခဲ့တယ်။
အနာဂတ်ရဲ့ ကံကို
ကြွေးယူပြီး ဒီဘဝမှာ သုံးတာ
ကောင်းတဲ့အလုပ် မဟုတ်နိုင်ဘူး။
ကိုယ်လိုချင်တာကို ရဖို့
ထိုက်တန်တဲ့သူဖြစ်အောင်
နေ့စဉ်ပါရမီဖြည့်ဖို့လိုပါတယ်။
Phyo Paing @ Derek