Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အံမဝင်တဲ့သူတွေအကြောင်း

တော်တော်အံမဝင်တဲ့သူတွေ

အများနဲ့အံဝင်ဂွင်မကျသူတွေရှိတယ်။
အများစုက Drama တွေနဲ့ရှုပ်နေချိန်မှာ
သူတို့က သူတို့ Dream တွေနဲ့ ရှုပ်နေတယ်။

အများစုက တခြားသူတွေအကြောင်း
Gossip လုပ်နေချိန်မှာ
သူတို့က အိမ်မက်တွေကို
Goal တွေအဖြစ် ပြောင်းနေကြတယ်။

အများစုက ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့
ပယောဂတွေကြောင့် Stress တွေများနေချိန်
သူတို့က ရည်မှန်းချက်တွေရောက်အောင်
Strategy တွေ ချနေကြတယ်။

လူအများစုက တခြားသူတွေရဲ့အမှား
Mistakes တွေကို လက်ညှိုးထိုး
အရသာခံရယ်မော ပြောဆိုနေကြချိန်မှာ
သူတို့က Massive Action တွေနဲ့
မဟာဗျူဟာတွေ အကောင်ထည်ဖော်နေတယ်။

လူအများစုက အရာရာကို
Blame ပြီး ဘဝကြီးမှောင်မှိက်နေချိန်မှာ
သူတို့က ဘဝဟာ Blessing ပဲဆိုပြီး
ကျေးဇူးတင်စိတ်တွေနဲ့ နေနေကြတယ်။

တော်တော် အံမဝင်တဲ့သူတွေဗျာ။

Phyo Paing @ Derek

Share Your Idea!​