တွေးပြီး လောကကို
နားလည်အောင်ကြည့်တဲ့
ဉာဏ်စဉ် ရှိတယ်။
လုံးဝ မတွေးပဲ
လောကကို နားလည်အောင်ကြည့်တဲ့
ဉာဏ်စဉ်ရှိတယ်။
ပညာရှိ ဆိုတာ ပညာရှိတာ။
အဲ့ထက်ကျော်သွားရင်
ကိုယ်တိုင်က ပညာဖြစ်သွားတယ်။
တစ်သားတည်းဖြစ်သွားတယ်။
ပညာဆိုတာ အသိဥာဏ်။
ဥာဏ်ရှိရင် ရှိသလောက်မြင်တယ်။
ဥာဏ်နိမ့်ရင် နိမ့်နိမ့်မြင်မယ်။
ဥာဏ်မြင့်လာသမျှ မြင်တာမြင့်လာမယ်။
မြင်တာ မြင့်လာသမျှ
လူတွေကို နားလည်တတ်လာမယ်။
နည်းနည်းလေး မြင့်လာရင်
လူတချို့ကို မေတ္တာထားတတ်လာမယ်။
တော်တော်လေး မြင့်လာရင်
လူတိုင်းကို မေတ္တာထားတတ်လာမယ်။
ယဿာနုဘာဝတော ယက္ခာ၊
နေဝ ဒဿေန္တိ ဘီသနံ။
မေတ္တာသုတ် ထိုင်ရွက်နေစရာမလိုပဲ
မေတ္တာထားတတ်တဲ့ အဆင့်ရောက်လာမယ်။
ဒီလိုဖြစ်လာတဲ့အခါ
ဒေါသ၊ လောဘ၊ မောဟ
မကောင်းတဲ့ စေတသိတ်တွေကို
အနိုင်ယူလို့ ရလာမယ်။
ဒါတွေက မာန်နတ်တွေပဲ။
လူတွေမှာရှိတဲ့
ကိုယ်စောင့်နတ်ဆိုးတွေကို
ငြိမ်အောင်ထိန်းနိုင်ပြီး
ကိုယ်စောင့်နတ်ကောင်းတွေဖြစ်တဲ့
ဥပက္ခာ တရား equanimity
ဂရုဏာ loving kindness
မေတ္တာ compassion
တွေနဲ့ ကောင်းမွန်တဲ့ နတ်ကောင်း
စေတသိတ်တွေကို နှိုးထအောင်
နိုးဆွလာနိုင်မယ်။
ဘာရယ်မဟုတ်
တွေးမိတာလေး
ရေးမိပြန်တယ်။
မှန်ချင်လဲမှန်မယ်၊
မှန်ချင်မှလဲ မှန်လိမ့်မယ်။
Phyo Paing @ Derek