Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဥာဏ်တုံးရင် ကံတုံးတယ်။

ကံတုံးတာ ဥာဏ်တုံးလို့ဆို
ဥာဏ်တုံးတာ မာန်ဖုံးလို့။
မာန်ဖုံးတဲ့အခါ အမြင်တွေမမှန်ဘူး။
အမြင်တွေ မမှန်တဲ့အခါ
အမှန်ကို တကယ်မမြင်ဘူး။
အမှန်ကို မမြင်တဲ့အခါ
ကိုယ့်အထင်အမြင်ကို
အမှန်စင်စစ်လို့ ထင်တတ်တယ်။

ကိုယ့်ရဲ့ကျန်းမာကြံ့ခိုင်ရေး၊
အလုပ်စီးပွား၊
ငွေကြေးအဿပြာ၊
အချစ်မိသားစု၊
အပေါင်းအသင်းယောင်းရင်း၊
စိတ်ငြိမ်းချမ်းတိုးတက်ရေး
ဒါတွေအကုန်လုံးဟာ
ကိုယ့်လောကအမြင်နဲ့အများကြီး
သက်ဆိုင်နေတယ်။

လောကကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲ
mental map
အနာဂတ်ကို ဘယ်လိုပြင်ဆင်သလဲ
planning
နေ့စဥ်ဘာတွေလုပ်သလဲ
behavior
ဒါတွေက ဘဝတွေကို ပုံဖော်ပေးတယ်။

ဥာဏ်တုံးပြီး မာန်ဖုံးရင်
ကံတုံးလိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​