ပညာမတတ်ရင် ပညာတတ်တွေနဲ့
ချိပ်ဆက်လို့ အံဝင်ဂွင်ကျမဖြစ်ဘူး။
ပညာတတ်တွေကို လွမ်းမိုးဖို့
မလွယ်ဘူး။
ကိုယ့်စကားနားထောင်ပြီး
ကိုယ့်ဦးဆောင်မှုနောက်လိုက်ဖို့မလွယ်ဘူး။
ဝေးဝေးမြင်နိုင်ဖို့မလွယ်ဘူး။
တကယ့်အပြောင်းအလဲကြီးလုပ်ခဲ့တဲ့သူ
အများစုကိုကြည့်ရင်
ဥာဏ်ပညာအမြော်အမြင်ဆိုတာ
ဥာဏ် + ပညာ က ဖြစ်လာတယ်။
ဒါကြောင့် ငယ်တုန်းငွေတစ်ခုတည်းမရှာဘဲ
ပညာပါအချိန်ပေးသင်ဖို့လိုတာ။
ပညာမတတ်တဲ့သူတွေကြားမသိသာပေမယ့်
တကယ့်ပညာတတ်တွေကြားဆို
လူတောတိုးဖို့ ပညာကတော့ သင်ကြရတယ်။
ဒါကတော့ ကြုံဖူးမှသိမယ်လို့ထင်တယ်။
Phyo Paing @ Derek