ဗုဒ္ဓဘာသာက
သင်ပေးလိုက်တဲ့စိတ်ထားကတော့
ကိုယ်ထူကိုယ်တဆိုတာပဲ။
ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့လိုတယ်။
ပြဿနာ စကားလုံးဟာ ပါဠိဘာသာက
“ပဿနာ” ဆိုတဲ့ စကားလုံးကနေ
ဆင်းသက်လာပါတယ်။
အဓိပ္ပါယ်က “မေးခွန်း” သို့မဟုတ်
“စဉ်းစားစရာကိစ္စ” လို့ အဓိပ္ပါယ်ရပါတယ်။
မြန်မာဘာသာထဲကို ဝင်လာတဲ့အခါ
“ပြဿနာ” လို့ ပြောင်းလဲသွားပြီး
အဓိပ္ပါယ်ကလည်း “အခက်အခဲ”
“ကိစ္စရပ်”၊ “ဖြေရှင်းရမယ့်အရာ” စတဲ့
အဓိပ္ပါယ်တွေနဲ့ သုံးစွဲလာကြတယ်။
လူတိုင်းမှာ ဆန္ဒတွေရှိတယ်။
လိုအင်တွေရှိတယ်။
လိုအပ်ချက်တွေရှိတယ်။
လိုချင်ပြီး မရသေးတဲ့အရာတွေကို
ဖြေရှင်းဖို့ “ပြဿနာ အဖြေရှာတတ်ဖို့” လိုတယ်။
ဖျားနာရင်ကုဖို့ ဆေးပညာရှိတယ်။
အိမ်တွေဆောက်၊
လျပ်စစ်မီးဖန်တီးစတာတွေလုပ်ဖို့
အင်္ဂျင်နီယာပညာ။
ကိုယ့်ပြဿနာကိုယ်အဖြေမရှာတတ်တော့ရင်
အရင်းခံ အကြောင်းအရင်းတွေကိုပဲ
အပြစ်တင်နိုင်တတ်ကြတယ်။
အဖေကြောင့်၊ အမေကြောင့်၊
သမီးရည်းစားလင်မယားကြောင့်၊
ကြောင့်ပေါင်းများစွာနဲ့
ပြဿနာကိုမီးပိုလောင်စေတယ်။
ဒါကြောင့် ပြဿနာဖြေရှင်းတဲ့အခါ
အချိန်ရဲ့ ၅% ကို
ပြဿနာအရင်းခံကိုသိဖို့သုံး။
ကျန်တဲ့အချိန်အာရုံကို
ပြဿနာအဖြေရှာဖို့သုံးလို့ဆိုတယ်။
လူတစ်ယောက်ရဲ့ပြဿနာ။
မိသားတစ်ခုရဲ့ပြဿနာ။
လူမျိုးတစ်မျိုးရဲ့ပြဿနာ။
နိုင်ငံတစ်ခုရဲ့ပြဿနာ။
တစ်ကမ္ဘာလုံးရဲ့ပြဿနာ။
သံသရာတစ်ကွေ့ ဒီတစ်နေ့
ကိုယ်တွေ့တဲ့သူတိုင်းရဲ့ပြဿနာကို
ကူမဖြေရှင်းနိုင်ရင်တောင်
ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်ဖို့လိုတတ်တယ်။
လိုလျင်ကြံဆ နည်းလမ်းရဆိုတဲ့
ဆိုရိုးစကားလဲရှိတာမဟုတ်လား။
When there is a will, there is a way တဲ့။
ကိုယ်ဘာလိုချင်သလဲ။
ကိုယ်ဘာမလိုချင်ဘူးလဲ။
ကိုယ်လိုချင်တာ ရဖို့ဘယ်လိုနည်းတွေရှိသလဲ။
ကိုယ်လိုချင်တာရထားသူတွေရှိလား။
လိုချင်တာရထားသူတွေက
ဘယ်လိုနည်းတွေသုံးပြီး
မရလိုက်တဲ့သူတွေက
ဘာတွေလုပ်သလဲ။
ကိုယ့်အနေနဲ့ ဘာတွေသင်ယူလို့ရသလဲ။
လိုချင်တာရဖို့ နေ့စဥ်ဘာလုပ်ဖို့လိုမလဲ။
ကိုယ်တိုင်နဲ့ရမလား။
ဘယ်သူ့အကူအညီယူရနိုင်လဲ။
အကြံလား၊ ငွေလား၊
အဆက်အသွယ်လား၊
သတင်းအချက်အလက်လား။
ဒီမေးခွန်းတွေ အဖြေရှာရင်
တစ်ကိုယ်စာပြဿနာကတော့
ဥာဏ်ရှိရင် ရှိသလို
အဖြေရှာနိုင်မယ်လို့ယူဆပါတယ်။
Phyo Paing @ Derek