Intuition
ကိုယ့်ရင်ဖက်ထက အသံကို သေချာနားထောင်ကြည့်ပါ။ ရင်ထဲကလာတဲ့ intuition ရဲ့ power ကို လျော့မတွက်ပါနဲ့။ လူတွေက လိုချင်တာရဖို့ အကြီးအကျယ် plan လုပ်တတ်ကြတယ်။ တခါတလေ အကောင်းဆုံးလုပ်ရပ်တွေက သဒင်္ဂစဉ်းစားလိုက်တဲ့ အတွေးတွေပေါ်မူတည်ပြီး ဖြစ်လာတတ်ကြတယ်။ ဒီ အလိုလိုသိစိတ်ရဲ့ စွမ်းအားကို အသုံးပြုနိုင်ဖို့ အရေးကြီးတယ်။ တရားထိုင်တာ၊ ခရီးသွားရင်း၊ ဆိတ်ငြိမ်တဲ့နေရာသွားတာမျိုးမှာ အလိုလိုသိစိတ်ရဲ့စွမ်းအားတိုးတက်လာတတ်လေ့ရှိတယ်။
Natural Inclination
ကိုယ့်ဘဝမှာ ကိုယ့်ရဲ့ natural inclination လို့ခေါ်တဲ့ ကိုယ်အားသာတဲ့ အချက်တွေ၊ စိတ်ဝင်စားတဲ့အရာတွေရှိတတ်တယ်။ ဒီ natural or primal inclination ကို အသုံးချနိုင်ဖို့လိုတယ်။ တချို့ ဘောလုံးပွဲစိတ်ဝင်စားတဲ့သူတွေ သုံးသပ်မှုတွေပြုလုပ်ရင်း အသက်မွေးဝမ်းကြောင်းအလုပ်မှာ အောင်မြင်တာမျိုး။ ကိုယ့်ရူးသွပ်မှုကို အခြေခံပြီး လုပ်ဆောင်တတ်ဖို့အရေးကြီးတယ်။ ဒီစကားလုံးကတော့ 48 laws of power ရေးတဲ့ Robert Greene ပြောနေကျ စကားလုံးပေါ့။
Association
အပေါင်းအသင်းတွေက အဖြေပဲ။ ကိုယ်နဲ့ ပုံမှန်တွေ့နေကျလူတွေက ကိုယ့်လောကအမြင်ကို သက်ရောက်မှုရှိတယ်။ ဒီ လောကအမြင်က ကိုယ့်ဘဝအမြင့်ကို သတ်မှတ်ပေးတယ်။ ဒါကြောင့် ကိုယ်အမြဲပေါင်းတဲ့ network ကို ဂရုပြုဖို့လိုတယ်။
Modeling
တစ်လှမ်းသွား တစ်လှမ်းကြည့်ဆိုတဲ့ စကားကြားဖူးလိမ့်မယ်။ ဘဝမှာ အိမ်မက်တွေ၊ plan တွေရှိတတ်ကြတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ကိုယ်လက်ရှိရှိနေတဲ့ ဦးနှောက်စွမ်းရည်နဲ့ ရောက်အောင် စဉ်းစားလို့ရချင်မှ ရလိမ့်မယ်။ ကိုယ့်အမြင်၊ ယုံကြည်မှု၊ နည်းလမ်းတွေ ပြောင်းဖို့လိုနေတာမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်။ အကောင်းဆုံးအချက်ကတော့ ကိုယ်လိုချင်တဲ့ အရာတွေကို ပိုင်ဆိုင်ထား၊ ရထားပြီးတဲ့သူတွေရဲ့ စဉ်းစားတဲ့ပုံ၊ ယုံကြည်မှု၊ လုပ်ဆောင်မှုတွေကို အတုယူပြီး ကိုယ်တိုင်ရဲ့ မဟာဗျူဟာချမှတ်ပြီး လုပ်ဆောင်တာပဲဖြစ်တယ်။
Execution
အကြံဥာဏ်တိုင်းက အလုပ်ဖြစ်ချင်မှဖြစ်လိမ့်မယ်။ စာအုပ်ထဲမှာ ဒီလိုလုပ်ဆိုတဲ့အရာတိုင်းကို ကိုယ်လိုက်လုပ်နိုင်တာမျိုးဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ အဲ့လို အကုန်လိုက်လုပ်နေစရာလဲမလိုဘူး။ စာအုပ်တစ်အုပ်မှာ ကိုယ်အသုံးချလို့ အိုင်ဒီယာတစ်ခု၊ ကိုယ့်အမြင်ကို ဖွင့်ပေးတဲ့ အတွေးအခေါ်တစ်ခုပဲလိုတယ်။ ဒါကို အသုံးချဖို့က အဓိကပဲဖြစ်တယ်။
System
ကိုယ်က စနစ်တစ်ခုပဲ။ နေ့စဉ်ဘဝဖြတ်သန်းမှုမှာ ဗရမ်းဗတာဖြစ်နေတဲ့ စနစ်ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းကမ်းနဲ့ ဘဝဖြတ်သန်းနေတဲ့ စနစ်ဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာ ကိုယ့်ရဲ့ စနစ်ကို ကောင်းသည်ထက်ကောင်းအောင်လုပ်ဆောင်သွားဖို့ပဲ။ ကျန်းမာရေးနဲ့ပတ်သက်လို့ အစားအသောက်စနစ်၊ လေ့ကျင့်ခန်းစနစ်၊ အိမ်ချိန်၊ အချိန်ယူချိန်စနစ်တွေလိုသလို အလုပ်လုပ်တဲ့အခါလဲ အဓိကနဲ့၊ သာမညကိုခွဲသိဖို့၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို အမြဲတိုးတက်အောင်လုပ်နေတဲ့စနစ်၊ ငွေရေးကြေးရေးမှာဆိုလဲ အသုံးစရိတ်တွေကို ပြန်စီစစ်တဲ့ စနစ်၊ ငွေကြေးပြန်ပွါးအောင်လုပ်တဲ့စနစ်တွေလိုတယ်။
Belief System
ကိုယ့်ခေါင်းထဲမှာ ရှိတဲ့ ယုံကြည်မှုတွေက ကိုယ့်ကိုဒုက္ခအကြီးအကျယ်ပေးနိုင်တယ်။ ဦးနှောက်မှာ RAS လို့ခေါ်တဲ့ reticular activating system ဆိုတာရှိတယ်။ သူကတော့ လောကမှာတွေ့တဲ့ သတင်းအချက်မှန်သမျှကို ကိုယ့်ယုံကြည်မှုနဲ့ ကိုက်မကိုက်အမြဲ ပြန်ချိန်ကြည့်နေတာမျိုး။ ဥပမာ ကဗုဒ္ဓဘာသာအများစုအနေနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တပေါ်အခြေခံ သစ္စာလေးပါးကိုနှလုံးသွင်း၊ ဘဝနေထိုင်ရေးဆို မဂ္ဂင်ရှစ်ပါးတို့၊ ethnic ရေးရာမှာဆို ငါးပါးသီလတို့၊ ဘဝဆိုတာ ၃၁ ဘုံထဲက လူ့ပြည်ဆိုတဲ့ mental model လောကအမြင်နဲ့ကြည့်ကြတယ်။ သက်ဆိုင်ရာဘာသာမှာလဲ သက်ဆိုင်ရာ mental model တွေက သူ့ယုံကြည်မှုပေါ်အခြေခံပြီးဖြစ်ပေါ်လာတယ်။ တကယ်လို့ ကိုယ်အကောင်းဆုံးလို့ယုံကြည်တဲ့ ဘဝပုံစံမျိုးမနေနိုင်တဲ့အခါ guilty ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့ စိတ်နဲ့နေတတ်တယ်။ ဥပမာ ငါးပါးသီးလ၊ နောက် မဂ္ဂင်ရှစ်ပါးမှာပါတဲ့ မှန်ကန်တဲ့အသက်မွေးဝမ်းကျောင်းပြုတာမျိုးမလုပ်နိုင်တဲ့အခါ ဘဝဟာ aligned မဖြစ်တာမျိုးဖြစ်တတ်တယ်။ ကိုယ့်ရဲ့ ယုံကြည်မှုကို ပြန်ဆန်းစစ်ဖို့ လိုတဲ့အချိန်တွေရှိတတ်ကြတယ်။
Openness
လူတွေနဲ့ ဆက်ဆံတဲ့အခါ စည်းတွေခြားထားပါ။ ကိုယ်လိုချင်တာကို တည့်ပြောပါ။ မြန်မာက အရမ်း civilized ဖြစ်တယ်လို့ပြောလို့ရနိုင်မလားမသိဘူး။ တစ်ခုခုဆို “ရတယ်” ဆိုတဲ့စကားနဲ့ပြောတယ်။ ရတယ်ဆိုတာ yes လို့ပြောတာလား၊ no လို့ပြောတာလား ရှုပ်ထွေးတတ်ကြတယ်။ ကိုယ်လိုချင်တာကို ခန့်မှန်းနေမည့်အစား တိုက်ရိုက်ပြောတာဟာ အကောင်းဆုံးနည်းတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကိုယ်နဲ့ တစ်ခုခု အလုပ်လုပ်တာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ကိုယ့်ရဲ့ကောင်းတာ၊ မကောင်းတာကြိုပြောထားခြင်းက မလိုအပ်ပဲ ပိုအထင်ကြီးတာမျိုးကိုရှောင်လို့ရတယ်။