ဘယ်လောက်ပဲ ချမ်းသာချမ်းသာ
နေ့စဥ် ၂၄ နာရီပဲ သုံးရမှာပဲ။
နေ့စဥ် ၂၄ နာရီသုံးတဲ့အခါ
ကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်
စီမံတာက ဘဝကို စီမံတာပဲ။
ဝမ်းသာ၊ ဝမ်းနည်း၊ ပျော်ရွင်၊ ကြေကွဲ၊
ရင်ခုန်၊ ရင်တုန်၊ တက်ကြွ၊ စိတ်ဓာတ်ကျ၊
ဥာဏ်ကွန့်မြူး၊ ထိုင်းမိုင်း
အကုန်လုံးက ဒီ ၂၄ နာရီအတွင်းဖြစ်တာပဲ။
ဒီ ၂၄ နာရီကို အကောင်းဆုံးအသုံးပြုနိုင်ဖို့
အချိန်နဲ့ စားဝတ်နေရေး မလဲရအောင်
အရင်ဖန်တီးဖို့လိုတယ်။
ဂိမ်းတစ်ခုမှာ မရှုံးအောင်ကစားတာနဲ့
နိုင်အောင် ကစားတာ မတူပါဘူး။
ခံစစ်ဖက်က ကစားတာနဲ့၊
ထိုးစစ်ဖက်က ကစားတာမတူပါဘူး။
ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ရတာ
ခံစစ်ဖက်က ကစားတာပါ။
ဘဝတိုးတက်ရေးအတွက် အလုပ်လုပ်တာ
ထိုးစစ်ဖက်က။
ဒါကြောင့် ခံစစ်ဖက်က ကစားနေရတဲ့အချိန်
ရသမျှ ငွေကို မသုံးနဲ့။
ဒီနေ့အတွက်ပဲ မကြည့်နဲ့။
အနာဂတ် အချိန်တွေ ခြွေတာပေးနိုင်အောင်လုပ်။
အနာဂတ် အချိန်တွေ ပိုထွက်လာအောင်လုပ်။
ဖြစ်နိုင်ရင် ကိုယ်မရှာပဲနဲ့ လာတဲ့ငွေ
တချို့က passive income လို့ခေါ်တယ်။
၁၀၀ ရာခိုင်နှုန်း passive ဖြစ်ချင်မှဖြစ်မယ်
ဒီငွေက လစဥ်အသုံးစရိတ်ကို ကာဗာဖြစ်ဖို့လိုတယ်။
ဒါပြီးမှ ကိုယ့် ၂၄ နာရီကို စိတ်ကြိုက်
အသုံးပြုဖို့ဖြစ်နိုင်မယ်။
စားဝတ်နေရေးအတွက် မရုန်းကန်ရမှ
၂၄ နာရီမှာ ဘဝရဲ့ထိုးစစ်ဆင်ဖို့
စိတ်ကြိုက် ပုံဖော်လို့ရနိုင်မယ်။
Phyo Paing @ Derek