Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

1/10 တစ်ဆယ် တစ် ဖော်မြူလာ

အသစ်တစ်ခုလုပ်ရင်
မအောင်မြင်နိုင်ခြေကို ၉၀% လို့သတ်မှတ်တယ်။
စလုပ်တဲ့အခါ
တစ်ခါတည်းအောင်မြင်စရာမလိုဘူး။

ဥပမာ စာအုပ် ဆယ်အုပ်ဖတ်မယ်။
ဆယ်အုပ်မှာ တစ်အုပ်က
ကိုယ့်ကိုအပြောင်းအလဲဖြစ်စေတဲ့
စာတစ်အုပ်ဖြစ်ရင်ရပြီ။

အွန်လိုင်းပရိုဂရမ်လုပ်တယ်။
ဆယ်ခုမှာတစ်ခု အောင်မြင်ရင်ရပြီ။

Content တွေဖန်တီးတယ်။
ဆယ်ခုမှာ တစ်ခုထူးခြားရင်ရပြီ။
ကျန်တဲ့ ကိုးခုကတော့ mediocre ဖြစ်နေနိုင်တယ်။

အိုင်ဒီယာတစ်ခုကို software တစ်ခုအနေနဲ့ပြောင်းမယ်။
ဆယ်ခုမှာ တစ်ခုအောင်မြင်ရင်ရပြီ။

App တစ်ခု launch လုပ်မယ်။
စ မိတ်ဆက်ဆက်ချင်း အောင်မြင်စရာမလိုဘူး။
ဆယ်ခါမှာ တစ်ခါ စျေးကွက်လိုချင်တဲ့
product-market fit feature ထွက်ရင်ရပြီ။

အသစ်တစ်ခုလုပ်တိုင်း 1/10 formula နဲ့ လုပ်ခဲ့တာ။

၂၀၁၃ မှာ စာစသင်တော့
သုံးနာရီ ဆယ်ချိန်မှာ တစ်ချိန်
အကောင်းဆုံးဖြစ်ရင်ရပြီဆိုတဲ့ စိတ်နဲ့စခဲ့တယ်။
ခုဆို ဆယ်စုနှစ်တစ်ခုကျော်ပြီ။

ဆေးကုမ္ပဏီမှာ အရောင်းသမားဘဝက
ဆရာဝန်အသစ်ဆယ်ယောက်ကို
Sales call လုပ်ရင်
တစ်ယောက်ရရင် ရပြီ။
ဒီနည်းနဲ့ပဲ rejection ကို ကျော်လွှားခဲ့တာ။

ဘဝမှာ ငြင်းပယ်ခံရတာ၊
မအောင်မြင်တာက
အလုပ်ဖြစ်တဲ့ လျှို့ဝှက်ချက်
ဖော်မြူလာမတွေ့ခင်ဖြစ်တတ်တဲ့သဘောပဲ။
ဖော်မြူလာတွေ့သွားရင်
ကျန်တာလွယ်ကူသွားလိမ့်မယ်။

The “1/10 formula” posits that when embarking on a new endeavor, there’s a 90% chance of not succeeding. It suggests that immediate success isn’t necessary from the get-go. For instance, if you plan to read ten books, finding just one book that significantly impacts or changes you is sufficient.

Similarly, when engaging in online programming, creating content, transforming an idea into software, or launching an app, the formula implies that success in just one out of ten attempts is enough. The remaining nine might turn out mediocre, but one standout success validates the effort.

This mindset was adopted in 2013 with a resolve to excel in one out of ten attempts across different endeavors, including making sales calls in a pharmaceutical company, where securing one new doctor out of ten attempts was considered a win. This approach helped overcome rejection.

In life, facing rejection and failure is part of the process before discovering the right formula. Once the formula is found, everything else becomes easier.

Phyo Paing @ Derek

Share Your Idea!​