နာမည်ကြီးဖို့မလိုပါဘူး။
လုပ်ငန်းတိုင်းမှာ အမာခံ ပရိသတ်
၁၀၀၀ သာလိုတယ်။
Kevin Kelly ရဲ့ Concept ဖြစ်ပါတယ်။
သင့်လုပ်ငန်းသည် တစ်နိုင်ငံလုံးသိစရာမလိုဘူး။
Social Media မှာ လူတိုင်းစိတ်ဝင်စားစရာမလိုဘူး။
လူတိုင်းကိုယ့်ကို သဘောကျဖို့
Ice cream ရောင်းစရာမလိုဘူး။
အမာခံလူပေါင်း ၁၀၀၀ ရှိရင်ရပြီ။
ဒီ concept ကိုစတင်ကျင့်သုံးနေတယ်
Y.E.C သင်တန်းသားတချို့သတိပြုမိကြလိမ့်မယ်။
ကျွန်တော်တို့သင်တန်းလာတက်တဲ့ထဲမှာ
မိဘကထားပေးလို့တို့၊ Rich Kid တို့
လာမတက်ဘူး။
အဓိက လုပ်ငန်းခွင်က ရည်မှန်းချက်ကြီးပြီး
တိုးတက်လိုတဲ့ Working Professional နဲ့
SME လုပ်ငန်းရှင် Entrepreneurs
တွေလာတက်တယ်။
ကိုယ့်ရှာဖွေတဲ့ငွေတဲ့ သင်တန်းတက်တဲ့အတွက်
အပျော်လာတတ်တာ မပါဘူး။
သင်တန်းပြီးတဲ့ အထိ assignment လုပ်တယ်။
Completion rate 95.8% ရှိတယ်။
အဲ့ဒါကို ကျေနပ်တယ်။
Toe Tet မှာလဲ အလားတူပဲ။
ရည်မှန်းချက်တစ်ခုရှိမယ်။
ဒီရည်မှန်းချက်အတွက် လေ့လာဖို့လိုတယ်။
ဒီတော့ Toe Tet မှာ လေ့လာမယ်။
ဂုဏ်ယူမိတာ သင်တန်းသား 62.1% ဟာ
Course တစ်ခုထက်ပိုတက်ကြတယ်။
2% က ရှိသမျှ course အကုန်တက်တယ်။
လူတိုင်းကိုယ့်ကို သဘောကျမှာမဟုတ်ဘူး။
ဒါကြောင့် 1000 True Fans ကို
အဓိက ထားဖြည့်ဆည်းပေးပါ။
Phyo Paing @ Derek