Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

2018 ရဲ့ နေ့ရက်သစ်တွေအတွက် သင်ယူမှုငါးဆင့်။

ပညာအားနည်းရင် လူတောမတိုးဆိုတဲ့ ခက်ဆစ်ဆယ်တန်းတုန်းကမှတ်ဖူးတယ်။ လူတောတိုးဖို့ ပညာတစ်ခုတည်းမရပါဘူး။ ဘာသာစကားလိုပါသေးတယ်။

သင်ယူမှုဖြစ်စဉ်ပြုလုပ်တဲ့အခါ

၁. ဘာသာစကားအရေးကြီးတယ်။ ကမ္ဘာပေါ်မှာ အသုံးအများဆုံးထဲပါတာ အင်္ဂလိပ်နဲ့ တရုတ်ဖြစ်တယ်။ ပထမဆုံးအနေနဲ့ ဘာသာစကားလေ့လာရမယ်လို့မြင်တယ်။ English လိုကောင်းကောင်းတတ်ရင်ကို YouTube, Udemy နဲ့ MOOC တွေဖြစ်တဲ့ Coursera, Edx, Udacity, etc မှာငွေကြေးနည်းနည်းနဲ့ (သို့) အခမဲ့လေ့လာနိုင်မှာဖြစ်သလို၊ Slide တွေ Template တွေဆိုတာ သင်တန်းဆရာတွေပေးမှမဟုတ် Slideshare မှာ အလျှံပယ် အခမဲ့ရယူလေ့လာနိုင်ပါတယ်။

၂. Communication ဆိုတဲ့နေရာမှာ ကိုယ်သိထားတဲ့အရာကို တပါးသူကိုချပြတာ၊ ကိုယ်လိုချင်တဲ့ရည်ရွယ်ချက်ရောက်အောင် ပြောဆိုရေးသားဆက်ဆံတာဖြစ်ပါတယ်။ တခါတလေ တစ်ခုခုကို အသေအချာသိပေမယ့် တပါးသူကိုပြောပြတဲ့အခါ လိုရင်းမရောက်ဖြစ်တတ်ပါတယ်။ ဥပမာ English စာကို သေချာဖတ်တတ်တယ်။ တစ်နည်း receptive skill အားကောင်းပေမယ့် တခါတလေ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် ဖြစ်တတ်ပါတယ်။ ဒုတိယ Communication Skill လိုပါတယ်။

၃. Technology ဒါကတော့ ပြောဖို့မလိုလောက်အောင်ပါ။ ICE လို့ခေါ်တဲ့ Information, Computer & English ကို CDE လို့ပြောင်းရတော့မယ်လို့ ပညာရှင်တစ်ယောက်က ပြောဖူးတယ်။ Communication, Data Technology & English.

၄. Application ဆရာဝန်တစ်ယောက် ဆေးမကုတာကြာတဲ့အခါ အချိန်အတော်ကြာပြန်လည်လေ့လာယူရသလို ရှေ့နေတစ်ယောက် အမှုမလိုက်တာ ကြာတဲ့အခါ အလုပ်ခွင်ထဲဝင်ဖို့ တော်တော်ကြာပြန်လည်လေ့လာယူရမှာဖြစ်ပါတယ်။ တတ်သည့်ပညာကို ပြန်အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ Use it or Lose it ပါ။ ကျောင်းပြီးအလုပ်မရှိတော့ အိမ်မှာသာနေတာ ကြာတဲ့အခါ ပညာမေ့တတ်သည့်အတွက် ငွေမျက်နှာတစ်ခုထဲမကြည့်ပဲ အလုပ်ရရင် စတင်လုပ်ဆောင်သင့်တယ်လို့မြင်ပါတယ်။ ဒါ့ကြောင့်လည်း ဆရာဝန်အများစုဟာ မြန်မာပြည်မှာ အလုပ်လခနည်းစွာနဲ့ လုပ်ကိုင်နေဆဲဖြစ်ကြတာပါ။

၅. Goal – Oppa ကို သဘောကျလို့ ကိုးရီးယားလိုတင်တာ အိုကေပါ။ ဘယ်လိုဖြစ်ဖြစိ လေ့လာမှုတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်ရှိရပါမယ်။ ဖေဖေဆူလိမ့်မယ်။ မေမေဆူမှာကြောက်တာ တစ်ခုတည်းအတွက်တော့ အချိန်အကုန်မခံပါနဲ့လို့ အဝံ့မရဲ အကြံပြုပါရစေ။

Phyo Paing @ Derek

Share Your Idea!​