နောက်လာမည့်နှစ်တွေအတွက်
လူသားတွေမမြင်နိုင်တဲ့
စွမ်းအင်တွေကို အသုံးပြုနိုင်ဖို့
ကိုယ့်မှာ Vision Board တွေ၊
Vision Statement တွေဖန်တီးပြီးပြီလား။
ကိုယ့်အနာဂတ်အမြင်တွေ
အကောင်အထည်မြန်မြန်ပေါ်ဖို့
Vision Board ထားလေ့ရှိကြတယ်။
Vision Board ဆိုတာ ကိုယ်အနာဂတ်
ငါးနှစ်၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာ
ဖြစ်ချင်တဲ့ အနာဂတ်ပုံရိပ်တွေကို
ပုံဖော်ထားတာဖြစ်တယ်။
ပုံဆွဲလို့ရသလို၊ ငယ်ငယ်ကဆို
ဂျာနယ်နဲ့ မဂ္ဂဇင်းမှာပါတဲ့ပုံတွေကို
ဖြတ်ညပ်ကပ်လုပ်ပြီး နံရံမှာကပ်ထားလေ့ရှိတယ်။
ဒီနေ့ခေတ်မှာတော့ Gigantic board ဖြစ်တဲ့
တကယ့် Note တွေ၊ ဓာတ်ပုံတွေအများကြီး
စုထားလို့ရတဲ့ tools တွေသုံးလို့ရတယ်။
ဥပမာ Milanote တို့၊ Miro တို့၊ Canva တို့မှာ
ကိုယ်အနာဂတ်မှာဖြစ်ချင်တဲ့ ပုံစံကို
ဓာတ်ပုံတွေ အင်တာနက်မှာရှာ
အဲ့မှာဖြည့်ထားလို့ရတယ်။
Pinterest လဲအသုံးပြုလို့ရတယ်။
အဲ့ဒီလို Vision Board လုပ်ရင်
အရေးအကြီးဆုံးက ကိုယ်တကယ်ဖြစ်ချင်တဲ့
အိမ်မက်တွေ ကိုယ့် inner voice
ရင်ထဲကလာတဲ့ အသံနဲ့ ထပ်တူကျဖို့လိုတယ်။
Native American တွေဆိုရင်
သူတို့ ယဥ်ကျေးမှုမှာ အရွယ်ရောက်တဲ့
သူတွေဟာ သူတို့ဘဝရဲ့ လမ်းကြောင်းအတွက်
သေချာရှင်းလင်းပုံပေါ်အောင်
အချိန်တစ်ခုပေးပြီး တစ်ယောက်တည်းနေပြီး
ကိုယ့်ရဲ့အနာဂတ်လမ်းကြောင်းအတွက်
အိမ်မက်တွေ တူးဖော်ရတဲ့အချိန်
သီးသန့်ပေးရတယ်။
Christian တွေမှာလဲ သာမာန်နေ့စဥ်
နေထိုင်တဲ့ဘဝထဲက ခဏထွက်ပြီး
အေးဆေးတည်ငြိမ်တဲ့နေရာသွားပြီး
ကိုယ့်ဘဝရဲ့ အရေးအကြီးဆုံးအရာက
ဘာတွေလဲဆိုတာ စဥ်းစားဖို့
retreat ဆိုတဲ့ အယူအဆရှိတယ်။
တချို့လူတွေက ကိုယ့်အနာဂတ်အမြင်ကို
ပုံတွေနဲ့ ဖော်ပြရတာ သဘောကျသလို
တချို့တွေက စာတွေနဲ့ဖော်ပြရတာ
သဘောကျတယ်။
စာတွေနဲ့ ဖော်ပြတဲ့အခါမှာလဲ
အရမ်းအသေးစိတ်ဖြစ်တာထက်
နောက်ကွယ်က အချက်ကိုသတိပြုဖို့
အရေးကြီးတယ်။
ဥပမာ ငါဆယ်ပေါင်ကျရမယ်ဆိုတဲ့အစား
Vision board ရေးတဲ့အခါ
ငါပေါ့ပါးပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နေမယ်။
တစ်ရက်ကို ဆယ်မိနစ်တရားထိုင်ရမယ်အစား
နေ့စဥ် ငြိမ်းချမ်းမှုအပြည့်နဲ့ ဘဝကိုဖြတ်သန်းနေမယ်။
ငါမိဘနဲ့ ခွဲနေရမယ်အစား
ငြိမ်းချမ်း၊ ပျော်ရွင်စရာကောင်းတဲ့
ပတ်ဝန်းကျင်လေးမှာ နေနေရမယ်။
ဒီ Vision Board နဲ့ Vision Statement က
အရမ်းတိကျနေတာထက်
အားတီ၊ အားမေကို ကိုယ့်ဘဝမှာ
ဘာဖြစ်ချင်လဲဆိုတဲ့ ယေဘူယျအမြင်
General Concept ကို ပေးဖို့ဖြစ်ပါတယ်။
Vision Statement ဖန်တီးပြီးမှ
ကိုယ့်ရဲ့ ငါးနှစ်ရည်မှန်းချက်ပန်းတိုင် ကိုချဖို့လိုတယ်။
လူအများစုက goal တွေချပြီး
မဖြစ်လာတာ vision board နဲ့
ကိုယ့်ဘဝနေထိုင်ချင်တဲ့ပုံစံ
general concept နဲ့ မကိုက်ညီလို့ဖြစ်တယ်။
ဒီလို alignment လွဲနေရင်
ကားတစ်စီး အလိုင်းမန့်လွဲနေသလိုပဲဖြစ်နေမယ်။
Vision Statement ပြီးရင်
ငါးနှစ် ရည်မှန်းချက်ပန်းတိုင်းကိုချပါ။
ငါးနှစ်ဆိုတာ များသလိုလို
ရှိကောင်းရှိမယ်။
တကယ်တမ်း ဖင်လှည့်ခေါင်းလှည့်ဆို
ဘာမှ သိပ်ကြာလှတာမဟုတ်ဘူး။
ရည်မှန်းချက်ပန်းတိုင်ချတဲ့အခါ
တိကျ၊ တိုင်းတာလို့ရ၊ ဆွတ်ခူးနိုင်မယ်လို့
ယုံကြည်ပြီး၊ လက်တွေ့ကျတဲ့
ရည်မှန်းချက်ပန်းတိုင်ဖြစ်ရမယ်။
ဘယ်အချိန်မှာ ရချင်တာလဲ
deadline ပါရမယ်။
ဒါကို SMART ဆိုပြီး ခဏခဏ
ကြားဖူးမှာပါ။
Specific, Measurable, Achievable,
Realistic and Time-bound ဖြစ်ရမယ်။
နောက် ငါးနှစ်စာရည်မှန်းချက်ကို
တစ်နှစ်စာအနေနဲ့ ပြန်ချုံ့ narrow down လုပ်။
ဒါကတော့ Lisa Shea ရဲ့
Writing a vision statement နဲ့
သာကောစဥ်းစားမိတဲ့ အချက်တချို့ဖြစ်တယ်။
နည်းနည်းထပ်ဖြည့်ရမယ်ဆိုရင်
တစ်နှစ်စာရည်မှန်းချက်ပန်းတိုင်ဖြစ်လာဖို့
နေ့စဥ် မဖြစ်မနေလုပ်ရမယ့်
5 MIT ကိုထည့်။
MIT ဆိုတာ Most Important Tasks ဖြစ်တယ်။
နေ့စဥ် အကောင်အထည်မဖော်ရင်
တစ်နှစ်ရည်မှန်းချက်ပန်းတိုင်က
အကောင်အထည်ပေါ်ဖို့ ခက်တယ်။
နောက်ပြီး အရေးအကြီးဆုံးအလုပ်တွေကို
မနက်ထထချင်းမှာ အကောင်အထည်ဖော်။
ဘာကြောင့်လဲဆိုတော့ လူဆိုတာ
battery လိုပဲ။
မနက်မှာ အားအပြည့်။
ညနေရောက်လေ အားကုန်သလိုလို
ဖြစ်လေလေပဲ။
2023 မှာ ကိုယ်လိုချင်တဲ့
အိမ်မက်တွေ အကုန်
အကောင်အထည်ပေါ်ပါစေ။
Happy New Year!!!!
Phyo Paing @ Derek