Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

3S Business Model

ကိုယ်မပါပဲ လည်ပတ်တဲ့
လုပ်ငန်းတည်ဆောက်တဲ့ 3S Business Model

ဒီနှစ်ပိုင်းတွေမှာ စမ်းသပ်ပြီး
Framework တစ်ခုထုတ်ထားတယ်။
ဒါကတော့ ကိုယ်မပါပဲလည်ပတ်တဲ့
လုပ်ငန်း ဒီဇိုင်းလုပ်တဲ့ framework ပေါ့။

အကြီးဆုံးချဲ့မည့် empire-building နဲ့
ကိုယ်မပါပဲလည်ပတ်တဲ့ money-machine မတူဘူး။

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်း
ဖန်တီးတဲ့အခါ အခြေခံစဥ်းစားတာ
niche market ဖြစ်ပြီး
အကြီးဆုံးချဲ့တဲ့လုပ်ငန်းရဲ့ရည်ရွယ်ချက်က
mass market လူတိုင်းကိုဖြစ်တယ်။

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းက
ဘူစတမာတွေ (Bustomer) ဘူကောင်
ဖောက်သည်တွေကို ရှောင်ရတယ်။
အင်ဘာယာတည်ဆောက်တဲ့လုပ်ငန်းက
Customer is King ဖောက်သည်ကဘုရင်ပဲ။

အခြေခံယူဆချက်တွေ မတူဘူး။
Niche market ကိုလူပြိန်းနားလည်အောင်
ရှင်းပြရရင် Yoga သင်တယ်ဆိုပါတော့။
ကိုယ်က ဗိုက်ကြီးသည်တွေအတွက်ပဲ
သီးသန့်သင်တဲ့ Yoga မျိုး။
ကိတ်မုန့်ရောင်းရင်တောင်
ကလေးတွေအတွက် Birthday Cake ကိုပဲ
အဓိကလုပ်တာမျိုး။
သင်တန်းသင်တဲ့အခါ ၇ နှစ်အောက်ကလေး
ဦးနှောက်ဖွင့်ဖြိုးဖို့တစ်ခုတည်းသင်တာမျိုး။

ဒီအခြေခံ အယူအဆကိုသိပြီဆိုရင်
ကိုယ့်လုပ်ငန်းရဲ့ business model ကို
စဥ်းစားရပြီ။
Business model ဆိုတာ ဘယ်သူ့ကို
ဘယ်ကုန်ပစ္စည်းကို ဘယ်လောက်ယူပြီး
ဘယ်လိုရောင်းမလဲ။
ဘယ်လောက်အကုန်ခံပြီး၊
ဘယ်သူတွေနဲ့၊ ဘယ်လို ထုတ်လုပ်၊
ဖြန့်ဖြူးရောင်းချမလဲဆိုတာစဥ်းစားတာ။

ကိုယ်မပါပဲ လည်ပတ်တဲ့
Akyanpay ရဲ့ 3S business model ကတော့

၁။ Specialization

Niche စျေးကွက်တစ်ခုတည်းကို အာရုံစိုက်။
အဲ့စျေးကွက်မှာ ကိုယ်ကဆရာအကျဆုံးဖြစ်အောင်လုပ်။

၂။ Standardization

စံနဲ့ စနစ်ချ။
ဘာပြီးရင်ဘာလုပ်ဆိုတဲ့ အဆင့်ရှိမယ်။
တစ်ဒါလုပ်၊ နှစ်ဒါလုပ်။
ကိုယ်က specialized service ပေးတယ်ဆိုရင်
ဒီ standardization စံစနစ်ချတာက
မခက်တော့ဘူး။
အများကြီးမဟုတ်တော့ဘူး။

၃။ Subscription

လစဥ်ကြေးစနစ်ကို စဥ်းစားကြည့်။
လစဥ်ကြေးဝယ်ထားရင်
တခြားကုန်ပစ္စည်းတွေဝယ်ရင်
discount ရတာ၊ တခြားခံစားခွင့်တွေရတာ
ဖြစ်နိုင်တယ်။
ဒါကို ထပ်ခါထပ်ခါရတဲ့ငွေ
recurring revenue လို့ခေါ်တယ်။

ကိတ်မုန့်ဆိုင်ဆိုပါတော့
တစ်နှစ် member ကြေးသွင်းထားရင်
တခြားခံစားခွင့်တွေရတာမျိုး။

နည်းပညာကုန်ပစ္စည်းတွေဆို
ပိုလုပ်လို့လွယ်ကူတယ်။
ဥပမာ Akyanpay .com ဆို
နှစ်စဥ်ကြေးနဲ့ သွားတာမျိုးပေါ့။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​