Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အချိန်ရောင်းရုံနဲ့ မချမ်းသာနိုင်ဘူး။
ထုတ်ကုန်ရောင်းမှ ချမ်းသာနိုင်တယ်။

အချိန်ရောင်းရုံနဲ့ မချမ်းသာနိုင်ဘူး။
ထုတ်ကုန်ရောင်းမှ ချမ်းသာနိုင်တယ်။

ထုတ်ကုန်သည် ချဲ့ထွင်လို့ရတယ်။
ဒီဂျစ်တယ်ထုတ်ကုန်က
ထပ်ဆောင်းကုန်ကျစရိတ်အများကြီး
မကုန်တော့ပဲ ထုတ်လို့ရတယ်။

ထုတ်ကုန်တိုင်းတော့ အောင်မြင်မှာမဟုတ်ဘူး။

ထုတ်တဲ့ ကုန်ဖို့ ထုတ်ကုန်ကို
၁။ အမှတ်တံဆိပ်တည်ဆောက်ခြင်း
၂။ လူသိအောင် မားကတ်တင်းလုပ်ခြင်း
၃။ ဝယ်ယူအောင် အရောင်းစနစ်ဖန်တီးခြင်း
၄။ ဝယ်သူကို စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးခြင်း
၅။ တော်တဲ့ဝန်ထမ်းများ ခန့်အပ်၊ သင်ကြား၊ ထိန်းသိမ်းခြင်း
၆။ လုပ်ငန်းလည်ပတ်မှုများ စီမံခန့်ခွဲခြင်း
၇။ ငွေကြေးစီမံခန့်ခွဲခြင်း
၈။ ထုတ်ကုန်အသစ်တွေအတွက် လေ့လာစမ်းသပ်ခြင်း
၉။ လုပ်ငန်းအတွက် သွားမည့်လမ်း ဒါရိုက်ရှင်ချပေးခြင်း
၁၀။ ကိုယ်မပါဘဲလည်ပတ်နိုင်ဖို့ ဦးဆောင်သူယာထားခြင်း
ဒီအချက်တွေကို လုပ်ဆောင်ဖို့လိုလာတယ်။

မေး – ဝန်ဆောင်မှုကို ထုတ်ကုန်အနေနဲ့ပြောင်းလို့ရပါတယ်။
ဖြေ – ရပါတယ်။ KFC, McDonald က စလို့
စလုံးက Ya Kun လို လက်ဖက်ရည်ဆိုင်ကစလို
ဝန်ဆောင်မှုကို ထုတ်ကုန်အနေနဲ့ပြောင်းပါတယ်။
ဒါကို Productized service လို့ခေါ်ပါတယ်။

မေး – ကိုယ်မပါဘဲ လည်ပတ်နေတယ်ဆိုတော့
လုပ်ငန်းမှာ ကိုယ်က ဘယ်အပိုင်းပါရမလဲ။
ဖြေ – အစပိုင်းမှာ အသုပ်စုံလုပ်ရတာ သဘာဝပါပဲ။
လုပ်ငန်းရှင်းပါးဝလာလေ
ကိုယ်မလုပ်ချင်တဲ့ အလုပ်၊
လုပ်ငန်းမှာ ကိုယ်ထက်ပိုကောင်းအောင်လုပ်နိုင်တဲ့သူရှိတဲ့အလုပ်
ဒီလုပ်ငန်းဆောင်တာတွေကို
ဝန်ထမ်းတွေကို လက်လွဲပါတယ်။

နောက်ပိုင်း မရှိမဖြစ် အရေးကြီးတဲ့အပိုင်းကိုပဲ
အဓိက ကိုင်လာမယ်။
ဒီထက် လုပ်ငန်းရှင်ပါးဝလာရင်
ဒီအပိုင်းကိုပါ ယုံကြည်စိတ်ချရတဲ့လူတစ်ခုကို
ခွဲပြီး သင်ပေးပါမယ်။
တစ်ယောက်တည်း တစ်စင်မထောင်သွားအောင်
ကြိုတင် စီမံကြတယ်။

နောက်ပိုင်း အကြံပေးနေရာကနေ နေလာတယ်။
တချို့က လုပ်ငန်းရဲ့ ရှယ်ယာတချို့ကိုထုတ်ရောင်းပြီး
နောက်စီးပွားရေး အသစ်တွေ လုပ်ကြတယ်။

မေး – လုပ်ငန်းတစ်ခု စတင်မယ်ဆို
ဘာတွေကို အဓိက စဥ်းစားသလဲ
ဖြေ – ခြောက်ဆင့်နဲ့ အဓိကစဥ်းစားကြပါတယ်။

၁။ အိုင်ဒီယာ
၂။ ဖြစ်နိုင်ခြေ
၃။ လုပ်ငန်းလည်ပတ်မှု အကြမ်း စီးပွားရေးမော်ဒယ်
၄။ နာမည်
၅။ လုပ်ငန်းလည်ပတ်မှု အသေးစိတ်ပလန်
၆။ ငွေကြေးမတည်ငွေ

Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​