နိုင်ငံတစ်နိုင်ငံမှာ
ဝမ်းပျက်ဝမ်းလျောဖြစ်တယ်။
နိုင်ငံက ဆင်းရဲတော့
ဆေးဝါးဖြန့်ချီရတာ
အင်မတန်ခက်တယ်။
ဒါကို အကြံပေးတစ်ယောက်က
ကိုကာကိုလာရဲ့နေရာတိုင်းရောက်နေတဲ့
ဖြန့်ချီရေးစနစ်ကို အသုံးပြုဖို့အကြံပေးတယ်။
ကိုကာကိုလာကလဲ ကူညီပေးတယ်။
ဆေးဝါးက တစ်နိုင်ငံလုံးရောက်သွားတယ်။
ဒီ အယူအဆ concept ကို
piggybacking လို့ခေါ်တယ်။
ရှိပြီးသား နက်ဝေါ့ကိုအသုံးချပြီး
လိုချင်တဲ့ ပန်းတိုင်ရောက်အောင်လုပ်တာကို
ဆိုလိုတာပါ။
ဥပမာ ကျွန်တော့်အနေနဲ့
ဒီစာကို ကိုယ့်မှတ်စုထဲမှာရေးပြီးသိမ်းထားလို့ရတယ်။
ဒါကို လူတွေသုံးနေတဲ့
ဖေ့ဘုတ်လို လူမှုကွန်ယက်မှာရေးလို့ရတယ်။
စာလုံးပေါင်းအမှားတွေပြင်လို့ရသလို၊
ဘယ်အိုင်ဒီယာကိုလူတွေကကြိုက်တယ်၊
ဘယ်အိုင်ဒီယာ မကြိုက်ဘူး။
ဘယ်လိုပြောရင် လက်ခံတယ်။
ဘယ်လိုဆို လက်မခံဘူး။
စမ်းသပ်လို့ရသလို၊
လူတွေကို ကိုယ်သိစေချင်တဲ့
သတင်းအချက်အလက်ပို့လို့ရတယ်။
ဘဝမှာ စနစ်ရဲ့ အသုံးချခံမဖြစ်နဲ့။
စနစ်ကို ပြန်အသုံးချ။
ဒါမှ လူဖြစ်ရကျိုးနပ်တာ။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay