အစကောင်းမှ အနှောင်းသေချာ။
ဖြစ်နိုင်ရင် အမျိုးတွေနဲ့
အလုပ်မလုပ်နဲ့။
ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ထားတဲ့
ဥပဒေသပဲ။
ဘာကြောင့်လဲဆိုတော့
လုပ်ငန်းက စွမ်းဆောင်ရည်နဲ့ပတ်သက်လို့
ကိစ္စပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုကြောင့်
တစ်ခုခု ဖြစ်ခဲ့သည်ရှိသော် မျက်နှာပျက်ရမှာ။
ဒါကြောင့် ကိုယ်တိုင် စီမံနေတဲ့လုပ်ငန်းမှာ
အမျိုးခန့်တာ မလုပ်ဘူး။
လုပ်ငန်းဆိုတာ မိသားစု မဟုတ်ဘူး။
ရည်မှန်းချက်တူ၊
တန်ဖိုးထားတဲ့ သူတစ်စု ဖွဲ့စည်းထားပြီး
အနာဂတ်အမြင်တစ်ခုအတွက်
အလုပ်လုပ်နေကြတဲ့ အဖွဲ့အစည်းတစ်ခုပဲ။
ခံစားချက်တွေအရေးကြီးတာမှန်ပေမယ့်
သွားမည့် လမ်းကြောင်းပိုအရေးကြီးတယ်။
အားကိုးရတဲ့ ညီအစ်ကိုမောင်နှမတွေ
ရှိတာတော့တစ်မျိုး။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay