ကိုယ်တစ်ယောက်တည်း
ဒုက္ခရောက်နေတာမဟုတ်တော့
ငြီးနေလဲ ပိုအားလျော့နေမှာပဲ။
ဒုက္ခတွေကြားထဲ
ပျော်အောင်ပဲနေလိုက်တာ
ရွေးချယ်မှုတစ်ခုဖြစ်လာတယ်။
အခြေအနေကိုရွေးချယ်လို့ရချင်မှရမယ်။
ဘယ်လိုတုန့်ပြန်မလဲတော့
ရွေးချယ်လို့ရနိုင်တယ်။
ဒုက္ခကို ကော်ဖီခွက်ထဲထည့်
ကော်ဖီခါးခါးအရသာနဲ့
နိုးကြားပြီး ရှေ့ဆက်ရမှာပဲ။
Phyo Paing @ Derek