စံမမီတဲ့ ကံကြမ္မာကို
ဥာဏ်မီသလောက်
စီမံကြည့်တယ်။
စီမံတိုင်း စံမမီပေမယ့်
ဥာဏ်မီရင်တော့
ကံသည်လဲ
မာန်ဖီတာလျော့သွားမယ်။
ရှုပ်ပွတဲ့ ဒုက္ခတွေရဲ့
အရင်းအမြစ်က
သမုဒယသစ်စာ။
ဆန္ဒတွေနည်း၊
မာန်နတွေနည်း၊
ဝေဒနာကို ဒေတာနဲ့
အဖြေရှာတိုင်း
မရေရာတဲ့ မနက်ဖြန်တိုင်းက
ဘဝမှာ ထပ်ဖြည့်ရမည့်
လေဟာနယ်ပဲ။
ကြံတိုင်းမရ၊
ဖန်တိုင်းလဲမလှ၊
ကံအတိုင်းပဲကွဆိုတဲ့
အချိန်တွေရှိမယ်။
ကြံရည်ဖန်ရည်နဲ့
ဥာဏ်ရည်ကြောင့်
အလစ်ဖြုတ်လို့ရတဲ့လမ်းတွေနဲ့
အလုပ်ဖြစ်သွားတာလဲရှိမယ်။
တခါတခါ ဇ လိုတယ်။
တခါတလေ ဇွဲ လိုတယ်။
တခါတခါ ဇွတ် လုပ်လိုက်ပြီး
မှန်သွားတာတွေရှိမယ်။
ဘဝတိုက်ပွဲမှာ
ကိုယ့်ဇာတ်ကိုယ်မနိုင်ရင်
nightmare ပဲ။
စံမမီတဲ့ ကံကို စီမံဖို့
နေသလိုဖြစ်တဲ့ဘဝကို
ဖြစ်သလိုမနေပဲ
မလာသေးတဲ့ မနက်ဖြန်ကို
ကြိုတင် စဥ်းစား
လာမည့်ပြဿနာ ကြိုရှင်းထားမှ
တော်ကာကျနိုင်မယ်။
Phyo Paing @ Derek