Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဗုဒ္ဓအလိုကျ နေ့စဥ်ဘဝဖြတ်သန်းမှု

ဗုဒ္ဓအလိုကျ နေ့စဥ်ဘဝဖြတ်သန်းမှု

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့အတွက်
ကိုယ့်ရဲ့အကောင်းဆုံး ဗားရှင်းကို
တည်ဆောက်တဲ့အခါ
ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့
လောကုတ္တရာလမ်းညွှန်
မဂ္ဂင်ရှစ်ပါးကို
လောကီနေ့စဥ်ဘဝမှာ
အသုံးပြုနိုင်အောင် နှလုံးသွင်းကြည့်တယ်။

ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့
မဂ္ဂင်ရှစ်ပါးကို
အတွေး၊ အကြံ၊ အလုပ်လို့
သုံးပိုင်းအလွယ်မှတ်ပြီး
ကျင့်သုံးဖို့ ကြိုးစားကြည့်တယ်။

၁။ အတွေး
သမ္မာဒိဋ္ဌိ (Sammā diṭṭhi) = မှန်သော အယူအမြင်

၂။ အကြံ
သမ္မာသင်္ကပ္ပ (Sammā saṅkappa) = မှန်သော အကြံ

၃။ အလုပ် (ကာယကံ၊ ဝစီကံ၊ မနောကံ)
၃.၁။ ဝစီကံ
သမ္မာဝါစာ (Sammā vācā) = မှန်သော စကား

၃.၂။ ကာယကံ
သမ္မာကမ္မန္တ (Sammā kammanta) = မှန်သော အမှုအလုပ်
သမ္မာအာဇီဝ (Sammā ājīva) = မှန်သော အသက်မွေးဝမ်းကျောင်းမှု၊

၃.၃။ မနောကံ
သမ္မာဝါယာမ (Sammā vāyāma) = မှန်သော အားထုတ်မှု
သမ္မာသတိ (Sammā sati) = မှန်သော အောက်မေ့ နှလုံးသွင်းမှု
သမ္မာသမာဓိ (Sammā samādhi) = မှန်သော တည်ကြည် စူးစိုက်မှု၊

၁။ မှန်သော အယူအမြင်

နေ့တိုင်းမှန်ကန်တဲ့အမြင်ရှိအောင်
ဘဝဆိုတာ ဒုက္ခ။
သစ္စာလေးပါးကိုနှလုံးသွင်းတယ်။
နောက်ပြီး ကိုယ့်ရဲ့လောကအမြင်
မှန်ကန်အောင် မတူညီတဲ့စာရေးဆရာတွေရေးတဲ့
အမြင်တွေကို ဖတ်ကြည့်ပြီး
အမြင်ကိုချိန်ညိကြည့်တယ်။

၂။ မှန်သော အကြံ

မှန်ကန်သောအကြံအစည်ဖြစ်အောင်
ကိုယ့်အတွက်အကျိုးမရှိ၊
သူတပါးအတွက်အကျိုးမရှိ၊
ကိုယ်နေထိုင်ရာပတ်ဝန်းကျင်အတွက်
မကျိုးမရှိတဲ့အရာတွေကို မလုပ်ဖို့ဆုံးဖြတ်တယ်။
တခုခုဆို ကိုယ့်အတွက်ပဲကောင်းပြီး
တခြားသူရှုံးသွားမည့်အလုပ်မျိုးမလုပ်ဘူး။

၃။ မှန်သော စကား

သူတပါးဒုက္ခရောက်စေမည့်အလုပ်
မဟုတ်မမှန်ပဲ၊
သေချာမသိပဲ ပြောဆိုဝေဖန်ဖို့
comment ရေးဖိို့
တော်တော်သတိထားပြီးနေဖြစ်တယ်။

၄။ မှန်သော အမှုအလုပ်

မလိမ်၊ မခိုး၊ သူတပါးသားမယားမပြစ်မှား၊
မသတ်ဖို့နဲ့
အရက်သေစာသောက်စားခြင်း
ရှောင်ဖို့နှလုံးသွင်းတယ်။
(ဝိုင် red wine လေးတော့
ညမအိပ်ခင်သောက်သေးတယ်။
reservatrol ပါတော့ ဥာဏ်ကောင်းပြီး
anti-aging effect ပါတယ်ဆိုလို့။  :D)

၅။ မှန်သော အသက်မွေးဝမ်းကျောင်းမှု၊

သမာအာဇီဝကျတဲ့ အသက်မွေးဝမ်းကြောင်း
အလုပ်လုပ်တယ်။
ကိုယ့်ကြောင့်သူတပါးပိုကောင်းတာပဲရှိမယ်။
ဘဝပျက်တဲ့အလုပ်တွေ မလုပ်ဘူး။

၆။  မှန်သော အားထုတ်မှု

အကုသိုလ်တွေနည်းအောင်နဲ့
အနာဂတ်အတွက် ကုသိုလ်ပွားအောင်
နေ့စဥ်လုပ်တယ်။

၇။ မှန်သော အောက်မေ့ နှလုံးသွင်းမှု

သမ္မာသတိ self-awareness နဲ့နေတယ်။
နေ့တိုင်း journaling လုပ်တယ်။
ကိုယ့်လုပ်ရပ်ပြန်သုံးသပ်တယ်။

၈။ မှန်သော တည်ကြည် စူးစိုက်မှု

စိတ်ကိုတည်ငြိမ်အောင်ထားပြီး
ရုပ်နမ်အဖြစ်အပျက်ကို သတိနဲ့နေတယ်။
နေ့တိုင်း ခန္ဓာအတွက်
အစားအသောက်၊ လေ့ကျင့်ခန်းဂရုစိုက်လုပ်တယ်။
စိတ်နဲ့ ကိုယ် အတွက် စာဖတ်တယ်။
တရားထိုင်တယ်။

လိုအပ်တာတွေ ရှိအုံးမယ်။
ဗုဒ္ဓအလိုကျ နေ့စဥ်ဘဝ
ဖြတ်သန်းနိုင်ပြီး
ဘဝကို optimize လုပ်
လူတွေမမှတ်မိအောင်တိုးတက်ပြောင်းလဲရေး
ခရီးစဥ်ကို ဝေဒနာတွေများတဲ့ကြားက
ဒေတာတွေနဲ့ ရှေ့ဆက်သွားဖို့က
တာဝန်လို့ပဲ ခံယူထားလိုက်တယ်။

Phyo Paing

==============================

Daily Life in Accordance with Buddha’s Teachings

To achieve significant personal growth and transformation, I focus on building the best version of myself by incorporating the core Buddhist principles into my daily life. Specifically, I integrate the Noble Eightfold Path, Buddha’s ultimate guidance, into my everyday routine.

Noble Eightfold Path in Daily Life
I categorize the Noble Eightfold Path into three main areas—thought, intention, and action—to make it easier to apply in my daily life:

Thought
Right View (Sammā diṭṭhi)
Develop a correct understanding of life, recognizing it as inherently full of suffering (dukkha).
Contemplate the Four Noble Truths daily.
Adjust my worldview by reading various authors to gain new perspectives.
Intention
Right Intention (Sammā saṅkappa)
Cultivate intentions that are free from selfish desires.
Refrain from actions that harm others or my environment.
Ensure that my actions are beneficial to both myself and others.
Action (comprising bodily, verbal, and mental actions)
Verbal Actions

Right Speech (Sammā vācā)
Avoid harmful speech, lies, and slander.
Be mindful of my comments, ensuring they are truthful and constructive.
Bodily Actions

Right Action (Sammā kammanta)

Abstain from stealing, harming others, and sexual misconduct.
Practice mindfulness in consumption and behavior.
Right Livelihood (Sammā ājīva)

Engage in ethical work that does not cause harm.
Ensure my means of earning a living benefits others and does not lead to their downfall.
Mental Actions

Right Effort (Sammā vāyāma)

Strive to reduce unwholesome actions and cultivate wholesome actions.
Work daily towards positive personal development.
Right Mindfulness (Sammā sati)

Maintain self-awareness through regular journaling and self-reflection.
Continuously evaluate my actions and thoughts.
Right Concentration (Sammā samādhi)

Practice meditation to keep the mind calm and focused.
Pay attention to both physical and mental wellbeing through regular exercise and mindful eating.
Practical Application
Right View

Read diverse perspectives to refine my worldview and ensure my views align with the Four Noble Truths.
Right Intention

Avoid actions and decisions that do not benefit myself, others, or the environment.
Ensure all my endeavors are ethically sound and constructive.
Right Speech

Avoid harmful and unverified comments.
Communicate with mindfulness and integrity.
Right Action

Abstain from unethical behavior, focus on personal health and moral actions.
Though I occasionally enjoy a glass of red wine for its resveratrol benefits, I avoid excessive consumption and ensure my actions are balanced and health-conscious.
Right Livelihood

Engage in ethical professions that contribute positively to society.
Avoid livelihoods that might harm others or society.
Right Effort

Commit daily to wholesome actions and self-improvement.
Strive to reduce negative habits and foster positive ones.
Right Mindfulness

Practice daily self-awareness through journaling and self-assessment.
Evaluate and learn from my daily actions and decisions.
Right Concentration

Maintain mental clarity through meditation and focus.
Prioritize physical health with balanced nutrition and regular exercise, ensuring overall wellbeing.
This approach helps me live a life that aligns with Buddhist teachings, aiming for continuous improvement and profound personal transformation amidst the challenges and data of daily life.

Phyo Paing @ Derek

Share Your Idea!​