ငယ်ငယ်ကဆို ကျောင်းမှာ
နယ်မှာ အရမ်းတော်တဲ့
အဆင့် ၁ အမြဲရတဲ့ကလေးက
မြို့တက်လာတဲ့အခါ
အဆင့် ၃၊ ၄၊ ၅ ထဲတောင်
မဝင်တော့တဲ့အခါ
တဖြည်းဖြည်း သာမန်ဖြစ်သွားတာတစ်ခု
သတိထားမိတယ်။
ဒါကြောင့် တစ်ခုခုလုပ်တော့မယ်ဆိုတိုင်း
နယ်မြေရွေးတဲ့အခါ
ကိုယ်နဲ့အရမ်းကွာတဲ့နေရာမရောက်ခင်
လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ထားဖို့လိုတယ်။
နောက်ပြီး အစပိုင်းမှာ ရှုံးနေ၊
နောက်ကောက်ကျန်နေလဲ
စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံဖို့လိုတယ်။
ဘဝက ရေတိုဂိမ်းတစ်ခုထက်
ရေရှည်ဂိမ်းတစ်ခုဆို ပိုမှန်လိမ့်မယ်။
Phyo Paing @ Derek